34. Life goes on

3.3K 246 42
                                    

( Unicode)

မင်းသားလေးက သူ့ကို တစ်ယောက်တည်း လာခဲ့ဖို့ မှာကတည်းက တစ်ခုခုဖြစ်လို့ဆိုတာ ဦးရန်နိုင် ရိပ်မိသည်။ ဖုန်းထဲက ကြားရသည့် အသံကလည်း သိပ်မကောင်းသလို ကားပေါ် ရောက်လာတော့လည်း အဆင်မပြေဖြစ်လာမှန်း မျက်နှာက သိသိသာသာ ။

ဦးရန်နိုင် နန်းတော်ကို တန်းမမောင်းသေးဘဲ လူရှင်းသည့်နေရာမှာ ကားကိုခဏရပ်လိုက်ရာ အရှင့်သားက မျက်ရည်တွေဝေ့သီနေသည့် မျက်ဝန်းများဖြင့် သူ့ကိုကြည့်လာသည်။ ထို့နောက် သူ့အား ဖက်တွယ်ပြီး အင့်ခနဲ ရှိုက်ငို၏ ။

သူစိုးရိမ်နေခဲ့သည့်နေ့ကို ရောက်လာပြီ ထင်ပါရဲ့ ။

" လေးရန်နိုင် ...ကျနော့်ကို ဘာမှမမေးပါနဲ့ "

" မမေးပါဘူး ကလေးရယ် ၊ လေးရန်နိုင် ဘာမှ မမေးပါဘူး "

မမေးဘူးဆိုပေမဲ့ အဖြေကိုတော့ သူသိသလိုလိုပါ။ မငိုပါနှင့်ဟုလည်း ဦးရန်နိုင် မတားချင် ။ ကျောပြင်ကို အသာပွတ်သပ်ပေးခြင်းဖြင့်သာ နှစ်သိမ့်ဖို့ တတ်နိုင်သည်။ ငိုနေသည့် ရှိုက်သံတွေက သူ့ရင်ကိုလည်း အဆမတန် ထိခိုက်စေ၏ ။

သည်ကလေးက သူ့လက်ပေါ်မှာပဲ ကြီးလာပြီး သူ့မျက်စိရှေ့မှာပဲ အရွယ်ရောက်လာသည့်ကလေး ။ ဘယ်လောက်အသက်ကြီးလာလာ သူ့အတွက်တော့ မင်းသားလေးက ကလေးတစ်ယောက်သာဖြစ်၏ ။ သူက တော်ဝင်မိသားစု၏ အမှုထမ်းတစ်ယောက်ဆိုပေမဲ့ မင်းသားလေးကတော့ သူ့သွေးသားလို ချစ်ရသူပင် ။ ကြင်ဖော်မရှာဘဲ တစ်ကိုယ်တည်း လူပျိုကြီးဘဝဖြင့် သူ့အချိန်တွေအားလုံးကို အရှင်မင်းသားအား ဂရုတစိုက်စောင့်ရှောက်ရင်း မြှပ်နှံထားခဲ့သည်။ ထို့ကြောင့်လည်း သည်ကလေးမျက်နှာ တစ်ချက်ကြည့်ရုံဖြင့် စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ ခန့်မှန်းတတ်ပြီးသားပင် ။

စတွေ့ကတည်းက ဝန်ကြီးချုပ်သားလေးအပေါ်မှာ ထူးထူးခြားခြား တွယ်တာလွန်းသည့်ကလေး ။ ငယ်စဉ်ကတော့ သည်တွယ်တာမှုဟာ ကလေးသဘာဝ ပုံမှန်ပဲဖြစ်မည်ဟု ထင်ခဲ့ပေမဲ့ အရွယ်ရောက်လာသည်နှင့်အမျှ ပိုမိုခိုင်ခံ့လာသော သံ့ယောဇဉ်ကြိုးတို့ကိုလည်း သူမြင်တွေ့ခဲ့ရသည်။ သည်သံယောဇဉ်တွေ အရောင်မပြောင်းပါစေနဲ့ဟု တိတ်တဆိတ် ဆုတောင်းခဲ့မိ၏။ ချစ်ခြင်းမေတ္တာကို တားမြစ်လို၍ မဟုတ်ဘဲ ကလေးနှစ်ယောက်ကို မလိုလားအပ်သည့် နာကျင်မှုတွေ ခံစားရမှာစိုးရိမ်သောကြောင့် ။ သို့သော်လည်း သူ့ဆုတောင်းတွေ မအောင်မြင်ခဲ့ပါ ။

Forget-Me-Nots  { Completed }Where stories live. Discover now