26. The way I love you

4.2K 240 47
                                    

( Unicode )

" မရယ်နဲ့တော့လို့ ရှင်း ၊ ဘာလို့ အဲဒီလောက် ရယ်နေရတာလဲ ၊ မောင့်စကားက ဘယ်နေရာ ရယ်စရာပါသွားလို့လဲ "

ဘုဏ်းဇေ ဘယ်လိုပြောပြော ရှင်းသန့်က ဗိုက်ကိုနှိပ်ပြီး အူလှိုက်သည်းလှိုက် ရယ်နေတာ မျက်ရည်ထွက်သည့်အထိပင် ။ ဆက်မရယ်အောင် ခေါင်းအုံးနှင့်ထုလည်း လက်တစ်ဖက်က ကာထားပြီး ရယ်နေဆဲ။ ပထမဆုံးအနေဖြင့် ရှင်းသန့်တည် ရယ်နေတာကို ကြည့်မရ ဖြစ်လာမိသည်။ ရင်ခုန်ရမည့်အချိန်ကို သည်လိုမျိုး ရယ်စရာ လုပ်ပစ်တာတော့ မသင့် ။

" ဘာလဲ ၊ ဟာသပြောနေတယ် ထင်နေတာလား "

သူ့လေသံ နည်းနည်းပြောင်းသွားပြီဆိုမှ ရယ်နေသည့် မျက်နှာပိုးက သတ်သွားသည်။ ဒါတောင် လုံးလုံးရပ်သေးတာမဟုတ်ပေ။

" ဟာသပြောရင်တောင် ဒီလောက်ရယ်ရမှာ မဟုတ်ဘူး ၊ မင်းသားလေး....ဒီလိုမျိုးပြောဖို့ မင်း ဘယ်ကနေ စိတ်ကူးရတာလဲ "

" ဒါဆို ဘယ်လိုပြောရမှာလဲ "

" ငါလဲ မသိဘူးလေ ၊ ဒါပေမဲ့ မင်းလိုတော့ ဘယ်သူမှ မပြောဘူး ထင်တာပဲ ၊ ဘာတဲ့ မင်းပြောလိုက်တာ ... နောက်တစ်ခေါက်လောက် ပြန်ပြောကြည့် "

တကယ်ဆို ဘုဏ်းဇေထင်ခဲ့တာ သူ သည်လိုစကားမျိုးပြောလိုက်လျှင် ရှင်းသန့် ရှက်သွားလိမ့်မည် ၊ ပြီးတော့ သူ့ကိုလည်း ထုရိုက်လိမ့်မည်ဟု ။ အခုတော့ သူထင်ထားသလို မဟုတ်ဘဲ ရှင်းသန့်က သူ့ကိုပင် ပြန်စနောက်နေသေးသည် ။

" ငါက အလေးအနက် ပြောနေတာကို မင်းက ဟာသလုပ်နေတာပဲ "

နာမ်စားတွေပါပြောင်းသွားပြီး နဖူးကြောတွေပါ ရှုံ့သွားသည်အထိ မျက်မှောင်ကုပ်ကာ အနားမှထထွက်သွားသူကို ရှင်းသန့် နောက်ကအမြန်လိုက်၍ ခါးကနေ ဆွဲဖက်ထားလိုက်ရသည်။ ဘုဏ်းဇေစကားကို သူ အလေးအနက် မထားဝာာ မဟုတ်ပါ။ ဒါပေသိ ရယ်ချင်စိတ်ဆိုတာလည်း ချုပ်တည်းထား၍မရဝောာ့ ခက်သားလား ။

" ဘယ်သူက အလေးအနက် မထားလို့လဲ ၊ ဒီတိုင်း မင်း ကြံကြံဖန်ဖန် ပြောတတ်တာကို ငါသဘောကျလို့ ရယ်တာ "

" ...... "

" စိတ်ဆိုးသွားပြန်ပြီလား ၊ ခွေးပေါက်လေး ....ငါ တစ်ခါတလေ စဉ်းစားမိတယ် သိလား ၊ ငါ့ဘဝက မင်း စိတ်ဆိုးတာကိုချော့ဖို့ လူဖြစ်လာရတာလားလို့ "

Forget-Me-Nots  { Completed }Where stories live. Discover now