47. Till death do us part

3.4K 287 68
                                    

2023 ၊ August 8
Wedding day

နောက်ဆုံးတော့ သည်လိုနေ့ ရောက်လာခဲ့ပါပြီ ။
ချစ်မေတ္တာဟာ ဒီလိုပါလား ၊ ဒီလူပါလားရယ်လို့ တိတိကျကျ သိခဲ့ရကတည်းက စိတ်ကူးနှင့် အကြိမ်ကြိမ် ပုံဖော်ကြည့်ခဲ့ရသောနေ့ ၊ ဆယ်စုနှစ်တစ်ခုစာမက ရူးလောက်အောင် မျှော်လင့်ခဲ့ရသောနေ့ ၊ ချစ်ရသူကို အတိအလင်း ပိုင်ဆိုင်ခွင့်ရသောနေ့ ။

ရင်ခုန်ရလွန်း၍ တစ်ညလုံးလည်း ဘုဏ်းဇေ ကောင်းကောင်း အိပ်မပျော်ခဲ့ပါ ။ ရှင်းသန့်လည်း သူ့နည်းတူဖြစ်လိမ့်မည် ။

အသက်ရှစ်နှစ်မှာ တွေ့ဆုံခဲ့ကြသည့် သူတို့နှစ်ဦး ။ဆယ့်ရှစ်နှစ်အရွယ်မှာ နှလုံးသားချင်း ထပ်တူကျကြောင်း အတည်ပြုပြီးခဲ့သည့်နောက် အခု နှစ်ဆယ့်ရှစ်နှစ်ဆိုသည့် မှတ်တိုင်အောက်မှာတော့ ဘဝနှစ်ခု ပေါင်းစပ်ဖို့အထိ အကြောင်းဖန်လာခဲ့ပါပြီ ။

အစိုးရ ရုံးပိတ်ရက် မဟုတ်သော်လည်း သည်နေ့ကိုတော့ အထူးနေ့အဖြစ် သတ်မှတ်ပြီး တရားဝင် နားရက် ပေးထားသည် ။ မဟုတ်လည်း တစ်နိုင်ငံလုံးက ပြည်သူတွေ၏ အာရုံက အိမ်ရှေ့စံတို့ လက်ထပ်ပွဲဆီမှာသာ ။ တချို့က ရုပ်သံလိုင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖို့ စောင့်စားနေကြပြီး တချို့က နန်းတော်ရှေ့အထိ လာရောက် ချောင်းမြောင်းကြည့်ကြသည် ။ ကံထူးသည့် ပြည်သူ အယောက်ငါးရာကတော့ မင်္ဂလာပွဲကို တက်ရောက်ခွင့် ရကြ၏

" မင်းသား အဆင်သင့်ဖြစ်ပြီလား "

နောက်ဆုံး အဆင်တန်ဆာတစ်ခုဖြစ်သည့် ရွှေသားအစစ်နှင့်ပြုလုပ်ထားသော ဓားအိမ်နှင့်ဓားကို ခါးမှာချိတ်ပြီး အဆင်သင့်ဖြစ်ကြောင်း ဘုဏ်း‌ဇေ ခေါင်းညိတ်ပြတော့ လေးရန်နိုင်က သူ့အား  လေးလေးနက်နက်ကြည့်နေခဲ့သည် ။ ခေါင်းပေါ်က သရဖူကိုလည်း တည့်မတည့် သေချာကြည့်ပေးကာ ပုခုံးဒေါက်နှစ်ဘက်ကို သွယ်တန်းထားသည့် ရင်ဘတ်ပေါ်က ရွှေကြိုးများကိုလည်း တစ်ခုနှင့်တစ်ခု မငြိအောင် ဂရုတစိုက် ပြန်ပြင်ပေး၏ ။

" မင်းသားလေး လက်ထပ်တဲ့ အရွယ်တောင် ရောက်သွားခဲ့ပြီဆိုတာ မယုံနိုင်သေးဘူး "

Forget-Me-Nots  { Completed }Where stories live. Discover now