24. On new year's day

4.4K 232 31
                                    

( Unicode )

" သီဟ car accident ဖြစ်လို့တဲ့ ၊ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်တာ ၊ ဆေးစစ်ချက်အရ အရက်သောက်ထားတာမျိုးတော့ မရှိဘူးတဲ့ "

ဖုန်းထဲက တွေ့လိုက်ရသော သတင်းနှင့် ဓာတ်ပုံအချို့ကြောင့် သူငယ်ချင်းအတွက် အာကာစိတ်ပူသွားရသည်။ အရင်တစ်ခါ ဘုဏ်းဇေနှင့် ပြဿနာတက်ပြီးကတည်းက သီဟက သူတို့ကွန်ဒိုကို မလာသလို နေ့လယ်စာလည်း အတူလာမစားပေ။ သူရယ် ကောင်းယံရယ်နှင့်တော့ မေဂျာတူမို့ အတန်းထဲမှာ အမြဲဆုံဖြစ်ကြသည်။ ပြဿနာဖြစ်သည့်နေ့က အကြောင်းကိုတော့ မပြောဖြစ်ကြ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းက သူငယ်ချင်းပဲ မဟုတ်လား ။

" သေပြီတဲ့လား "

" ဘုဏ်းဇေ "

သီဟအပေါ်ကို ဘုဏ်းဇေ စိတ်မပြေနိုင်သေးမှန်း ရှင်းသန့်သိသော်လည်း သည်လိုစကားမျိုးကိုတော့ မပြောစေချင်ပါ ။ အခုက သီဟအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် သူကိုယ်တိုင်လည်း သီဟကိုစိုးရိမ်သည်။ ရောင်ရှိန်က သီဟ ဘယ်ဆေးရုံမှာလဲ စုံစမ်းနေပြီး အာကာနှင့်ကောင်းယံကလည်း သီဟဆီသွားဖို့ ပြင်ဆင်နေကြ၏ ။

" ဆေးရုံနေရာသိရပြီ ၊ အသက်အန္တာရာယ် မရှိပေမဲ့ ဒဏ်ရာကတော့ များတယ်လို့ပြောတယ် ၊ ခေါင်းလဲကွဲသွားသလို လက်လဲကျိုးသွားတယ်တဲ့ ၊ ငါတို့ အခုပဲ လိုက်သွားရအောင် "

" ငါမလိုက်ဘူးနော်် ၊ အဲဒီကောင် သေသေရှင်ရှင် စိတ်မဝင်စားဘူး ၊ ရှင်း... မင်းလဲ မလိုက်ရဘူး "

" ဘုဏ်းဇေ ...မင်း အဲလိုမပြောပါနဲ့ကွာ ၊ ပြီးခဲ့တာတွေလဲ ပြီးပါစေတော့ ၊ သူလဲ မင်းတို့နှစ်ယောက်ကို လိုက်နှောင့်ယှက်နေတာမှမဟုတ်တာ "

" ဘာနေနေ ငါ သူ့ကို ခွင့်မလွှတ်ဘူး "

ခေါက်ဆွဲပြုတ်ထားသည့်မီးဖိုကို ပိတ်ပြီး ဘုဏ်းဇေက ဧည့်ခန်းထဲသွားထိုင်နေသည်။ ဆေးရုံမလိုက်ဖို့ တကယ်ဆုံးဖြတ်ထားသည့်ပုံပင်။ ရှင်းသန့် ဘုဏ်းဇေပုံစံကိုကြည့်ပြီး ရောင်ရှိန်တို့သုံးယောက်ကို အရင်သွားခိုင်းလိုက်ရ၏ ။ သူကတော့ ဘုဏ်းဇေကို နားချရဦးမည်။ နှစ်သစ်ကူးအကြိုပွဲလေးကတော့ ပျက်သွားခဲ့ပြီ ။

Forget-Me-Nots  { Completed }Where stories live. Discover now