Ch-3

896 66 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်

အခန်း(၃) အထီးကျန် ကန္တာရလမ်း

လက်ရှိ ဂိမ်းလုပ်ငန်း လောကထဲမှ ဖွဲ့စည်းပုံ စနစ်မှာ ဖေးချမ့်၏ အရင်ဘဝ ၂၀၀၉ ခုနှစ်နှင့် ဆင်တူပါသည်။

ဥပမာအားဖြင့် နာမည်အကြီးဆုံး အင်တာနက်ဂိမ်းများမှာ World of Warcraft မှ Fantasy World အဖြစ်၊ CS မှ Counter Strike အဖြစ်၊ Dota မှ Gods Rising အဖြစ် ပြောင်းလဲသွားကြသည်။ ၎င်းတို့က အပြင်ပိုင်းတွင် ခြားနားသည့်ပုံပေါ်သော်လည်း ၎င်းတို့၏ ကစားပုံများက အတူတူသာဖြစ်သည်။

ဒီနေရာတွင် အရင်ဘဝကထက် ဟာ့ဒ်ဝဲ ဖွံ့ဖြိုးတိုးတက်မှု ပိုမြင့်မားသဖြင့် မိုဘိုင်းဂိမ်းများ တိုးတက်မှုကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဥပမာအားဖြင့် ဖေးချမ့်၏ အရင်ဘဝတုန်းက မိုဘိုင်းဂိမ်းများမှာ စမတ်ဖုန်း ရေပန်းစားမှုများကြောင့် ၂၀၁၂ ခုနှစ်မှ စတင်အောင်မြင်လာခဲ့သည်။ သို့သော်လည်း ဒီလောက၏ ၂၀၀၈ ခုနှစ် စမတ်ဖုန်းများ အချိန်စောစော ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် ထိုအချိန်ကတည်းက ဆင်တူဂိမ်းများ ပေါ်လာပြီး ဂိမ်းအမျိုးအစားကလည်း အခုဆို အတော်လေး နာမည်ကျော်နေပြီဖြစ်သည်။

"ဒါဆိုရင် အခြေအနေက ကောင်းတာပေါ့"

"ငါလုပ်ဖို့ဆိုတာဆိုလို့ အဲ့ဒီဝက်ဘ်ဆိုက်တွေပေါ်မှာ နမူနာတွေ၊ အနုပညာရင်းမြစ်တွေ ဝယ်ဖို့အတွက် ယွမ် ၅၀,၀၀၀ စလုံးကို အပြောင် သုံးပစ်လိုက်မယ်။ ပြီးရင် ဘယ်သူမှ မကစားချင်ဘဲ မရောင်းနိုင်တဲ့ ဂိမ်းတစ်ခုကို ဖန်တီးလိုက်မယ်။ နှစ်ပတ်လောက် ကြာရင် အရှုံးပေါ်တယ်လို့ တွက်လို့ရပြီကွ။"

"ကောင်းလိုက်တာကွာ။"

ဆုံးဖြတ်ချက် ချပြီးနောက် ဖေးချမ့်က သူလိုချင်သည့် နမူနာများကို ဝက်ဘ်ဆိုက်ပေါ်တွင် စတင်ရှာဖွေသည်။

“ယာဥ်အတွက် အတွင်းပိုင်းနှင့် အပြင်ပိုင်း အသွင်အပြင်များ အစုံပါသော ယာဥ်မောင်းခြင်း သရုပ်ဖော်ခြင်းအတွက် အခြေခံပုံစံ ယွမ် ၂သောင်း။”

"နောက်ခံ ဘက်ဂရောင်း နမူနာ - ကန္တာရလမ်း နမူနာ။ ယွမ် ၁၅,၀၀၀။ ပတ်ဝန်းကျင်ပုံစံကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းချင်ရင် နောက်ထပ် ယွမ် ၈,၀၀၀ လိုအပ်မယ်။ ဒါဆို ယွမ် ၂၃,၀၀၀ ပေါ့"

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now