Ch-39/40

348 38 0
                                    

အခန်း(၃၉) လုပ်ငန်းစတင်ခြင်း အောင်ပွဲခံတဲ့ အနေနဲ့ သုံးရက်ပိတ်မယ်

Level Max ဖြစ်အောင် ကစားခဲ့သည့် အကောင့် ၆ ကောင့်ရှိသည်ဆိုတာကို ကြားလိုက်ရစဥ်မှာပင် မာယန်တစ်ယောက် အတော်လေး အထင်ကြီးနေမိပါပြီ။

သူလည်း အရင်က Fantasy World ကို ကစားကြည့်ခဲ့ဖူးသော်လည်း အခုချိန်ထိ လူသစ်တစ်ယောက်လိုပင် ရှိသေးသည်။

ထိုပေါင်ရှုက တကယ့် ပါရမီရှင်ပဲ။

လက်ရွေးစင် ဂိမ်မာ တစ်ယောက်ပဲ။

သို့သော်လည်း လစာကို သူပြန်ကြည့်လိုက်သည်။

"ဒီလိုအရမ်းတော်တဲ့လူမျိုးကို လစာ ယွမ် ၃,၀၀၀ ပဲ ပေးမှာလား။ ငါ့ထက်တောင် ပိုနည်းနေသေးတယ်။ အဲဒါ မနည်းလွန်းဘူးလား။ သူ့ကို တခြားသူတွေလုသွားကြရင် ဘယ်လိုလုပ်မလဲ" မာယန် စိတ်ပူမိသည်။

ဖေးချမ့်က ချောင်းဆိုးသွား၏။ "မလုနိုင်ပါဘူး။ ငါ့ရဲ့ဆွဲဆောင်မှုတွေနဲ့ သူ့ကို အယုံသွင်းထားပြီးပြီ"

နောက်ထပ် ငွေပမာဏ အများကြီးကို ဝန်ထမ်းတွေအားလုံး၏ လစာကို တိုးမြှင့်ပေးဖို့ သုံးနိုင်သည်ဟု စဥ်းစားနေမိသည်။

ဟုတ်တယ်။ အဲဒါ ကောင်းတယ်။

တစ်ယောက်ကို လစာ ယွမ် ၃,၀၀၀ - ၅,၀၀၀ က အများကြီးဟု မထင်ရသော်လည်း အားလုံး ပေါင်းလိုက်လျှင်တော့ အလွန်များပြားသော လစာငွေပမာဏ ဖြစ်နေသေးသည်။

ထို့ကြောင့်လည်း ကုမ္ပဏီများစွာက လစာငွေကို ယွမ် နည်းနည်းလေး လျော့ပေးနိုင်ဖို့ကိုတောင် စျေးဆစ်တတ်ကြပြီး လစာ တိုးလျှင်လည်း ၁၀၀ - ၂၀၀ ယွမ်လောက်သာ ပေးရသည့်အထိ ကပ်စေးနဲကြသည်။

ဖေးချမ့်၏ ရှင်းလင်းချက်ကို ကြားပြီးသောအခါ မာယန်တစ်ယောက် ချက်ချင်းဆိုသလို သူ့အပေါ် ယခင်ထက်ပို၍ ယုံကြည်စိတ်ချရတယ်လို့ ခံစားသွားခဲ့ရသည်။

ကုမ္ပဏီတစ်ခု တည်ထောင်ခြင်းနှင့် ဝန်ထမ်းများငှားရမ်းခြင်းကဲ့သို့ ခက်ခဲသော အလုပ်များကို လုပ်ခဲ့ရုံသာမကသေးဘဲ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now