Ch-53/54

324 31 1
                                    

အခန်း(၅၃) ဘော့စ်ဖေးရဲ့ အပြုံး

နောက်တစ်လှည့်က ကျိုးမူယန်ဖြစ်သည်။

ဒါက ပညာဖလှယ်ပွဲ၏ နောက်ဆုံးအပိုင်းဖြစ်ပြီး ကျိုးမူယန်က သူတို့ဖန်တီးနေသည့် FPS ဂိမ်းအား ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးသွားမည် ဖြစ်သည်။

ဒီအခိုက်အတန့်ကို အချိန်စာရင်း၏ အရေးအကြီးဆုံး အပိုင်းဖြစ်စေဖို့ လက်ထောက်ရှင်းက ကြိုးစားခဲ့ရသည်။

ဒါက ပညာဖလှယ်ပွဲဟု ခေါ်သော်လည်း ဆန်းစထရိုက်ခ် စတူဒီယိုနှင့် ထန်းတာ့တို့အကြား ကွာခြားချက်က နေ့နဲ့ညလို ထင်ရှားပြီး ဘယ်သူ့ဆီက ဘယ်သူ သင်ယူနေသလဲ သိသာပါသည်။

ဆန်းစထရိုက်ခ် စတူဒီယိုက FPS ဂိမ်းတစ်ခု ဖန်တီးနေပြီး သမုဒ္ဒရာရဲတိုက်ကလည်း FPS ဂိမ်းတစ်ခုဖြစ်သဖြင့် FPS ဂိမ်းများအပေါ် ဆန်းစထရိုက်ခ် စတူဒီယို၏ အဆင့်မြင့် ဗဟုသုတများကို သင်ယူရင်း ထန်းတာ့က အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။

ဟွမ်းစစ်ပေါ်နှင့် တခြားသူတွေကလည်း စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။ ကျိုးမူယန်ထံမှ အမြင်တချို့ကို ရရှိဖို့ မျှော်လင့်နေကြပြီး ဒါမှ သူတို့ပြန်သွားသောအခါ သမုဒ္ဒရာရဲတိုက်ကို ထပ်မံအဆင့်မြှင့်နိုင်မည် ဖြစ်သည်။

ကျိုးမူယန်က ချေငံကာ ယုံကြည်ချက် ပြည့်ဝနေ၏။

"ကျွန်တော်တို့ အခုဖန်တီးနေတဲ့ဂိမ်းကတော့ Bullet Hole လို့ခေါ်တဲ့ FPS ဂိမ်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တော့ Counter Strike ကို ကျော်လွန်နိုင်ဖို့ပါပဲ"

"FPS ဂိမ်းတစ်ခုရဲ့ အရေးအကြီးဆုံး ကဏ္ဍက လက်တိကျမှုပေါ့နော်။ FPS ဂိမ်းတွေရဲ့ ကစားသမား အများစုက ဝါရင့်တွေဖြစ်ကြပြီး ကျွန်တော်တို့ သုတေသန ပြုလုပ်ပြီးကြပါပြီ။ ကစားသမားအများစုက သူတို့ရဲ့ ပစ်ပုံခတ်ပုံနဲ့ ချိန်ရွယ်နည်းတွေကို အချိန်အကြာကြီး လေ့ကျင့်ခဲ့ပြီးမှ Counter Strike ကို ကစားကြတာပါ။ တကယ်တော့ ကြွက်သား မှတ်ဉာဏ်အဖြစ် ပြောင်းလဲနိုင်ဖို့ ရက်နဲ့ချီပြီးကို လေ့ကျင့်တတ်ကြတဘ်"

"အဲလို ဂိမ်မာတွေအတွက် အသေးစိပ် သေးသေးလေးတိုင်းက သူတို့ဂိမ်းကို ကစားမလား မကစားဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမဲ့အချက်တွေပဲဖြစ်ပါတယ်"

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now