Ch-41/42

340 34 0
                                    

အခန်း(၄၁) အခြေအနေသုံးခု

ဖေးချမ့်က သူတို့နှစ်ယောက်ကို အံ့သြဖို့ အချိန်အများကြီး မပေးဘဲ ဆက်ပြောသည်။

"ဒီဂိမ်းအတွက် ငါ့မှာ တောင်းဆိုချက် သုံးခုပဲရှိတယ်"

"ပထမဆုံး ဒီဂိမ်းမှာ Story Mode (ဇာတ်လမ်းသွားMode) ရှိပြီး ဂိမ်မာတွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ကြခိုက်တဲ့ ဂိမ်းသက်သက်ပဲ မဖြစ်စေချင်ဘူး။ ငါတို့ရဲ့ဂိမ်းမှာ နက်နဲမှုနဲ့ အနှစ်သာာရရှိရမယ်"

"ဒုတိယအချက်ကတော့ ဂိမ်မာအသစ်တွေရဲ့ ခံစားချက်ကို ထည့်တွက်ပေးရမယ်။ ဂိမ်းက ပိုပြီးရိုးရှင်းလေလေ ပိုကောင်းလေလေပဲ"

"တတိယအချက်က အံ့ဖွယ်လက်နက်တွေကို ဖန်တီးရမယ်။ သူတို့ရဲ့ စျေးကိုတော့ ... အဲဒီလက်နက်တွေကို ရာသက်ပန်သုံးခွင့်ရမဲ့ စျေးက တစ်လက်ကို ၈၈၈ ပဲ။ အချိန်အကန့်အသတ် အစမ်းသုံးကာလအတွင်းက စျေးကိုတော့ မင်းတို့တွေ ဆုံးဖြတ်လို့ရတယ်"

အားလုံးက လုံးဝမှင်တက်နေပြီး ဖေးချမ့်ကတော့ စိတ်ထဲက ကြိတ်ဝမ်းသာနေသည်။

ဒါမျိုးက ဂိမ်းတစ်ဂိမ်းကို အလွယ်လေး ဖျက်ဆီးနိုင်တဲ့ အရာပဲ။

FPS ဂိမ်းဖန်တီးဖို့ ဖေးချမ့် စဥ်းစားနေတာ ကြာပါပြီ။

လုံးဝ အတွေ့အကြုံမရှိသည့် အဖွဲ့တစ်ဖွဲ့ကို FPS ဂိမ်းတစ်ခု ဖန်တီးခိုင်းလိုက်ကတည်းက တာထွက်မကောင်းတော့ပါ။

အဘယ်ကြောင့်ဆိုသော် တခြား ဂိမ်းများနဲ့ ယှဥ်လျှင် FPS ဂိမ်းများတွင် လက်တိကျဖို့အတွက် လိုအပ်ချက်ပိုမြင့်သည်။

ကမ္ဘာကြီးထဲက အကောင်းဆုံး FPS ဂိမ်းဖြစ်သည့် Counter Strike ဂိမ်းမှာ လက်တိကျမှု အရဆိုလျှင် အမှတ်ပြည့်ရနိုင်သည့် ဂိမ်းတစ်ခုဖြစ်သည်။

၉၉ မှတ်ရနိုင်သည့် ဂိမ်းတစ်ခု စျေးကွက်ထဲ ရှိနေလျှင်တောင် ကျရှုံးလိမ့်မည်။

အကြောင်းပြချက်ကတော့ အမာခံ FPS ဂိမ်မာများ၏ မျက်လုံးထဲတွင် ထို ၁ မှတ်ကွာဟမှုလေးက လုံးဝ ကြီးမားလွန်းနေသောကြောင့် ဖြစ်သည်။

Counter Strike ရှိနေမှတော့ ဘယ်သူက တခြား အဆင့်နိမ့်တဲ့ ဂိမ်းတွေကို သွားကစားဦးမှာလဲ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now