Ch-89+90

207 16 0
                                    

ဖေးချမ့် 89+90

အခန်း(၈၉) ဘော့စ်ဖေးရဲ့ သရုပ်ဆောင် ကောင်းမွန်မှု

ဖေးချမ့်က ရုံးခန်းထဲမှာ ဒေါသထွက်စွာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေပါသည်။

တစ်ခုခုတော့ လွဲနေပြီ။ တစ်ခုခုတော့ ဆိုးဆိုးရွားရွား လွဲနေပြီ။

အံ့အားသင့်ဖွယ်နှင့် ကျူးယိတန်၏ ပျင်းစရာဘဝတို့  နှစ်ခုစလုံးက ဗီဒီယိုအတိုလောကတွင် ရေပန်းစားကြမှန်း သူ ကောင်းကောင်းသိထားသည်။ နှစ်ခုစလုံးက အလွန်အောင်မြင်ခဲ့သည်။

ကျူးရှောင်စဲ အခု ရိုက်ကူးချင်နေသည့် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကလည်း ဒီရှိုးနှစ်ခုစလုံးကို အတွင်းထဲထိ ဆင်တူနေသည်။ ဒီရှိုးလည်း အလွန် ရေပန်းစားလာနိုင်ပါသည်။

သူဘာလုပ်ရမလဲ။

"စနစ် ငါငွေပြန်ရုတ်သိမ်းချင်တယ်။ ဟွမ်းစစ်ပေါ်အတွက် ယွမ် ၁ သန်း မရင်းနှီးချင်တော့ဘူး။ ဖြစ်နိုင်မလား။"

စာသားတစ်ကြောင်းက စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့ပါသည်။

[ပြန်လည်ရုတ်သိမ်းဖို့ ဆီလျော်သည့် အကြောင်းပြချက် လိုအပ်ပါသည်။ မဟုတ်ပါက စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ခံရပါမည်။]

ဖေချမ့် : "..."

ဆီလျော်တဲ့ အကြောင်းပြချက်ဟုတ်လား။

မရှိဘူး။

ဒီပရောဂျက်က ပိုက်ဆံအများကြီး ဝင်လာနိုင်ခြေရှိလို့ ပြန်ရုတ်သိမ်းချင်တာလို့တော့ ပြောလို့မရဘူးမလား။

တခြားအကြောင်းအရင်းတွေရှိသေးလား။

ဟွမ်းစစ်ပေါ်က လာဘ်စားနေပြီး အလုပ်ကို အတည်တကျမလုပ်ဘူးလို့ ပြောလို့ရလား။ ကျူးရှောင်စဲကို မကြိုက်ဘူးလို့ ပြောပြီး ရုပ်ဆိုးလွန်းလို့လို့ ပြောလို့ရတာလား။ ဘာအကြောင်းပြချက်မှမရှိဘဲ ရင်းနှီးမြှုပ်နှံမှုကို မလုပ်ချင်တာသက်သက်ဆိုရင်ကော...။

ဘာမှ လက်မခံဘူးဟ။

ဖေးချမ် ခက်ခက်ခဲခဲ စဥ်းစားနေသည်။

မဖြစ်နိုင်ပါ။ သူ စနစ်ကို ဖျောင်းဖျနိုင်မည့် နည်းလမ်း မရှိပါ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now