Ch-49/50

333 30 0
                                    

အခန်း(၄၉) ဆန်းစထရိုက်ခ် စတူဒီယို

ကွမ်ကျိုး

ဆန်းစထရိုက်ခ် စတူဒီယိုတွင်...။

"ထန်းတာ့ နက်ခ်ဝါ နည်းပညာ ကုမ္ပဏီလိမိတက် ဟုတ်လား"

"သူတို့က ငါတို့စတူဒီယိုကို ပညာဖလှယ်ဖို့ လာချင်တယ် ဟုတ်လား"

ကျိုးမူယန်က ခေါင်းရှုပ်သွား၏။

ဂိမ်းကုမ္ပဏီတစ်ခုက တခြားဂိမ်းကုမ္ပဏီတစ်ခုနဲ့ ပညာဖလှယ်တာကို သူ ကြားဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။

ပုံမှန်ဆို ဒီလိုကိစ္စမျိုးကို တက္ကသိုလ်ကျောင်းသားများက အတွေ့အကြုံယူဖို့နှင့် ကျောင်းပြီးသောအခါ အလုပ်ခွင်ဝင်နိုင်အောင် ပြင်ဆင်ဖို့အတွက် လုပ်တတ်ကြသည်။

သို့သော် ကိုယ့်ဝန်ထမ်းများအတွက် ဒီလိုကိစ္စမျိုး စီစဥ်ပေးသော ဂိမ်းကုမ္ပဏီတစ်ခု ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။

အနည်းဆုံးတော့ ပြည်တွင်းမှာ မရှိပေ။

အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းဂိမ်းကုမ္ပဏီအများစုက အမြတ်အစွန်းကိုသာ အာရုံစိုက်တတ်ကြ၏။ ဒီလို ပညာဖလှယ် ခရီးရှည်ကြီးက သေချောပေါက် ကုန်ကျစရိတ် များပြားပါလိမ့်မည်။

ခန့်မှန်းခြေ လူအယောက် ၃၀ အတွက် လေယာဥ်လက်မှတ်ဖိုး၊ ဟိုတယ်ခနှင့် တခြား ကုန်ကျစရိတ်များ၊ ထို့အပြင် ထိုရက်ပိုင်းများတွင် သူတို့ အလုပ်မလုပ်ကြမှာကိုပါ ထည့်တွက်သောအခါ တော်တော်လေး အရှုံးများပါသည်။

ထို့အပြင် ဒီလိုဆောင်ရွက်ခြင်းက ကုမ္ပဏီအတွက် အမြတ်အစွန်းတစ်ပြားမှ ပြန်ရနိုင်မှာ မဟုတ်ပေ။ အရှုံးသက်သက်သာ ဖြစ်သည်။

သူတို့က ပညာဖလှယ်ဖို့ဟု ခေါင်းစဥ်တပ်သော်လည်း ဘာပညာကို ဖလှယ်ကြမှာလဲ။

ဘယ်လို ကုမ္ပဏီက ဒီလောက်ထိ တုံးမှာလဲ...။

ကျိုးမူယန်၏ ပထမဆုံး တုံ့ပြန်မှုကတော့ ငြင်းဆန်ဖို့ပဲဖြစ်သည်။

သူက ဆန်းစထရိုက်ခ် စတူဒီယို၏ ပရိုဂျူဆာ ဖြစ်ပြီး ဒီလုပ်ငန်းထဲမှာလည်း အတော်လေး အာဏာကြီး၏။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now