Ch-34

321 27 0
                                    

အခန်း(၃၄) အွန်လိုင်းပေါ်က အလုပ်ခေါ်စာ

သူမှတ်မိသလောက် ကျောင်းအနောက်ဘက် ဝင်ပေါက်အနားက အင်တာနက်ကဖေးဆိုင်များတွင် ပေါင်ရှုကို ဖေးချမ့် လိုက်ရှာလိုက်သည်။

သူ့ပုံစံက သိသာလွန်း၏။

နွေဦးရာသီဖြစ်နေပြီး အားလုံးက အင်္ကျီလက်ရှည် ဘောင်းဘီရှည်များ ဝတ်ဆင်ထားကြသော်လည်း သူကတော့ ဆွယ်တာတစ်ခုကို ဝတ်ဆင်ထားပြီး ကုတ်အင်္ကျီထူထူကြီးကို ထိုင်ခုံတွင် ချိတ်ဆွဲထားသည်။

အအေးကြောက်တာ မဟုတ်သော်လည်း ပြီးခဲ့သည့် ဆောင်းရာသီကတည်းက ဒါကိုပဲ သူဝတ်ဆင်ထားခြင်း ဖြစ်သည်။

သူ့အပြင် ဒီလိုမျိုးလုပ်နိုင်သည့်လူ တကယ် မရှိနိုင်ပေ။

ယခုအခါ ပေါင်ရှုက ကွန်ပျူတာ မော်နီတာ ရှေ့တွင် ရီဝေနေခဲ့သည်။

ဖန်သားပြင်ပေါ်တွင် သူ့ဇာတ်ကောင်က ခုံပျံကြီးတစ်ခုပေါ်တွင် ထိုင်နေပြီး အဓိကမြို့တော်ကြီး၏ အပေါ်ဘက်တွင် အလုပ်မရှိအကိုင်မရှိ အားလပ်နေသည်။

ပေါင်ရှုအနားသို့ ဖေးချမ့် ချဥ်းကပ်လာသောအခါ ခပ်ပါးပါး အုန်းဆီနံ့ကို သူရလိုက်သည်။

အနံ့က မပြင်းသော်လည်း ပေါင်ရှုက အလွန်ပြင်းထန်စွာ ဆံပင်ကျွတ်တတ်သဖြင့် ဆံပင်တောင် သိပ်မရှိတော့ပါ။

"ဟမ်...သူ့ကို အင်တာနက်ကဖေးထဲကနေ ထွက်လာဖို့ ဖျောင်းဖျနိုင်ရင် သူ့ကို သေချာပေါက် ပိုက်ဆံပေးပြီး အဝတ်အစားသွားလဲခိုင်းလိုက်မယ်"

"ပေါင်ရှုလား" ဖေးချမ့်က စမ်းခေါ်ကြည့်သော ပုံစံမျိုးဖြင့် မေးလိုက်သည်။

၁၀ စက္ကန့်လောက် ကြက်သေသေနေပြီးမှ ပေါင်ရှု လှည့်ကြည့်လာ၏။ အနက်ရောင် အကွင်းကြီးနှစ်ကွင်းဖြင့် ဝန်းရံနေသော သူ့မျက်လုံးများ ရုတ်တရက် မျက်တောင်ခတ်သွားခဲ့သည်။

"ငါ့ကို ရှာနေတာလား"

သူက လူမှန်ဖြစ်ကြောင်း အတည်ပြုပြီးသွားသောအခါ ဖေးချမ့်က ပေါင်ရှုဘေးတွင် ထိုင်လိုက်သည်။

"ငါ့မှာအလုပ်တစ်ခုရှိတယ်။ မင်းလုပ်ချင်လား" ဖေးချမ့်က မေးလိုက်သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now