Ch-29

366 33 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၂၉) ပြိုင်ဘက်ကင်းလက်ထောက်

Portal ဝက်ဘ်ဆိုက်တစ်ခုတွင် တစ္ဆေစစ်သူကြီး ဂိမ်း၏ Review တစ်ခုကို တွေ့ရလိမ့်မည်ဟု ဖေးချမ့် ထင်မထားခဲ့ပါ။

စပ်စုချင်စိတ်ဖြင့် နှိပ်ကြည့်လိုက်ပါသည်။

"မကြာသေးခင်ကမှ တစ္ဆေစစ်သူကြီးဂိမ်းလို့ အမည်ရတဲ့ ဂိမ်းတစ်ခုဟာ မိုဘိုင်းဂိမ်းလောကကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဂိမ်းရဲ့ ဖန်တီးသူကိုယ်တိုင်က သူ့ဆန္ဒကြောင့် ဂိမ်းကို ကြော်ငြာဖို့ အစီအစဥ်မရှိဘူးဆိုပေမယ့် ပထမအပတ်မှာတင် ဒီဂိမ်းရဲ့ ဒေါင်းလုတ် ပမာဏက 80,000 နီးပါး ရောက်ရှိလာခဲ့ပါပြီ။”

"ပမာဏတွေကို ကြည့်ခြင်းအားဖြင့် Active ဖြစ်တဲ့ ကစားသမားတွေအရကော ဂိမ်းကို စိတ်ကျေနပ်မှုနဲ့ စွဲလမ်းမှုအရကော သူနဲ့ တစ်ချိန်တည်း ထုတ်လုပ်ခဲ့တဲ့ ဂိမ်းတွေအားလုံးကို ကျော်လွန်သွားခဲ့ပါတယ်။ တကယ်တော့ အကုန်လုံးကို မြေကြီးထဲ မြုပ်သွားတဲ့အထိကို လုပ်နိုင်ခဲ့တာပါ။”

"အရင်တုန်းကတော့ ဂိမ်းလောက စောင့်ကြည့်သူတွေက မိုဘိုင်းကတ်ဂိမ်းလောကက နေဝင်ချိန်ရောက်နေပြီး ကတ်ဂိမ်းတွေရဲ့ ဘိုးဘေးကြီးဖြစ်တဲ့ သုံးပြည်ထောင် ကတ်ဂိမ်းမှာတောင် ကစားသမား လျော့နည်းလာမှုနဲ့ အမြတ်ငွေ လျော့နည်းလာမှုတွေနဲ့ ကြုံလာရတယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဲ့ဒါကို ထိန်းသိမ်းဖို့ တခြား ဘာနည်းလမ်းကောင်းမှ မရှိတော့ဘူးလို့ ထင်ခဲ့ကြပါတယ်။"

"ဒါပေမယ့်လည်း တစ္ဆေစစ်သူကြီးက အဲ့ဒီ ခန့်မှန်းချက်ကို တစ္ဆေစစ်သူကြီးက အပြည့်အဝ ပြန်ချေပလိုက်ပြီး မိုဘိုင်းကတ်ဂိမ်းလောကထဲမှာ ဖွံ့ဖြိုးဖို့အတွက် အလားအလာတွေ ရှိသေးကြောင်း သက်သေပြသွားခဲ့ပါတယ်။"

"ဒီတော့ ဂိမ်းက ဘာကြောင့် အခက်အခဲတွေကို ကျော်လွန်ပြီး သုံးပြည်ထောင်ကတ်ဂိမ်းရဲ့ ဆက်ခံသူအဖြစ် ကစားသမားများစွာရဲ့ မျက်လုံးထဲမှာ နေရာယူပြီး မျိုးဆက်သစ် မိုဘိုင်းကတ်ဂိမ်းတစ်ခု ဖြစ်လာခဲ့ရတာလဲ။”

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now