Ch-149/150

168 15 0
                                    

ဖေးချမ့် 149+150

အခန်း(၁၄၉) သူတို့ကြိုက်သလိုသာ လုပ်ခိုင်းလိုက်

အငှားတိုက်ခန်းတွင်...

ဖေးချမ့်ကာ နေ့လည်နေ့ခင်း ကုတင်ပေါ်မှာအနားယူပြီး အခုမှ နိုးလာခြင်းဖြစ်သည်။ သူ့ဆဲလ်ဖုန်းကို ယူလိုက်ပြီး ကြည့်လိုက်ပါသည်။ မက်ဆေ့ချ်အသစ်တစ်စောင် ဝင်နေ၏။

"ဘော့စ်ဖေး နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ ကျွန်တော်တို့  တိုင်ပင်ချင်တဲ့ ပြဿနာလေးတစ်ခု တွေ့လို့ပါ။ ကျွန်တော်တို့ အခု ဆွေးနွေးပြီး အနှစ်ချုပ်ကြည့်လိုက်တော့ ဂိမ်းထဲက ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကို ဖျက်သိမ်းလိုက်ရင် သူဌေးတွေ ကျေနပ်မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လိုရှင်းရမလဲလို့ မေးလို့ရမလားဗျ။”

ဖေးချမ့်က မျက်လုံးကို ဖြည်းဖြည်းချင်း ပွတ်သပ်လိုက်ပြီး တတွတ်တွတ် ပြောလိုက်ပါသည်။ "ဘယ်သူ ပို့ထားတာလဲဟ။”

အနီးကပ်ကြည့်လိုက်သောအခါ ရှန်းယန်ဂိမ်းမှာ အစီအစဉ်ရေးဆွဲသူချုပ်ဖြစ်သွားသည့် ယဲ့ကျစ်ကျိုးမှန်း တွေ့လိုက်ရပါသည်။

ဖေးချမ့်က သူ့ကို အကြွင်းမဲ့အာဏာတစ်ခုပေးခဲ့ပြီး သူ့ဝန်ထမ်းများကို ကန့်ကွက်ခြင်း သို့မဟုတ် ချက်ချင်း အလုပ်တောင် ဖြုတ်ပစ်ခွင့် ပေးထားသည်။ ဖေးချမ့်က သူနှင့် ရင်းနှီးအောင် လုပ်ထားမှ အဆက်အသွယ်ရှိနေနိုင်မည်ဖြစ်သည်။

နောက်ဆုံးမှာတော့ ယဲ့ကျစ်ကျိုးက သူများတွေကို အလုပ်ဖြုတ်ဖို့ကိစ္စကို လာပြောတာ မဟုတ်ဘဲ ဂိမ်းတစ်ခုနဲ့ ပတ်သတ်သည့် မေးခွန်းတစ်ခု လာမေးထားခြင်း ဖြစ်သည်။

ဖေးချမ့်သည် မေးခွန်းကို ထပ်ဖတ်ကြည့်လိုက်ပါသည်။

ဂိမ်းထဲက ဝယ်ယူနိုင်တဲ့ ပစ္စည်းအားလုံးကို ဖျက်သိမ်းလိုက်ရင် သူဌေးတွေ ကျေနပ်မှာ မဟုတ်ဘူးလို့ ထင်ရပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရမလဲလို့ မေးလို့ရမလားဗျ။

ဒါက ဖြစ်သင့်ပါသည်။ Bloody Battle Song က Paywall များဖြင့် ဂိမ်းတစ်ခု ဖြစ်သည်။ သူဌေးများက တိုက်ပွဲပါဝါဖြင့် သူများတွေကို အသာစီးရဖို့ ပိုက်ဆံတွေ ထောင်ချီ သို့မဟုတ် သောင်းချီပြီးတော့တောင် သုံးထားလောက်သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now