Ch-83+84

225 12 0
                                    

ဖေးချမ့် 83+84

အခန်း(၈၃) ကွန်ပျူတာ အလုံး ၅၀ အရင် ဆင်မယ်

"လာပါ ထိုင်ပါဦး"

ဖေးချမ့်က အလွန်ယဥ်ကျေးပါသည်။ ကျန်းယွမ်ကို သူ့ဘေးက ဆိုဖာမှာ ထိုင်ဖို့ ဖိတ်လိုက်ပါသည်။ လက်ထောက်ရှင်းက  လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ဧည့်သည်အခန်းထဲမှ ထွက်သွားလေသည်။ မာယန်လည်း ထွက်သွားပါသည်။ ဖေးချမ့်နဲ့ ကျန်းယွမ်တို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

ကျန်းယွမ်က မျက်လုံးထောင့်မှ သူ့ပတ်ဝန်းကျင်ကို စစ်ကြည့်နေပါသည်။

အခန်းထဲက အရာအားလုံးကို  အဖိုးတန်အရာများဖြင့် စီခြယ်ထားသလိုပင်။ ဘော့စ်၏ ဝတ်စုံနဲ့ ကုမ္ပဏီ၏ အတွင်းဘက်ဒီဇိုင်းကို ကြည့်ခြင်းအားဖြင့် ကျန်းယွမ်က သူမြင်သမျှ ပစ္စည်းတိုင်းမှာ စျေးနှုန်းကတ် သတ်မှတ်လို့မရတော့ကြောင်း နားလည်လိုက်ရပါသည်။ အားလုံးက အလွန်စျေးကြီးလိမ့်မည်ဟု ခံစားနေရပါသည်။

ဖေးချမ့်က ဖော်ရွေစွာ ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "အရမ်းနေရမခက်ပါနဲ့။ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သဘောထားပါ။ ကျေးဇူးပြုပြီး အရမ်းအားမနာပါနဲ့။ လက်ဖက်ရည် သောက်ပါဦး။"

ကျန်းယွမ်က စိတ်မလှုပ်ရှားသည့်ပုံပေါ်အောင် အကောင်းဆုံးကြိုးစားပါသည်။ သို့သော်လည်း သူ့၏ ပုံမကျပန်းမကျထိုင်နေပုံက သူ့ကိုသစ္စာဖောက်သွားသည်။ ဖေးချမ့်က စကားဘယ်လိုစရမလဲ စဥ်းစားနေ၏။

အရှေ့မြောက် တရုတ်စကားသံနဲ့ မျက်နှာလေးထောင့် အားအင်တက်ကြွပြီး သူ့ရှေ့မှာ ထိုင်နေသည့်လူက ဒစ်ဂျစ်တယ်ထုတ်ကုန်အားလုံးနဲ့ ကွန်ပျူတာဟာ့ဒ်ဝဲအပိုင်းမှာ ကျွမ်းကျင်သည်ဟု မာယန်ထံမှ ကြားပြီးသား ဖြစ်ပါသည်။

ဒါကလွဲပြီး ဒီလူ့အကြောင်း သူဘာမှမသိပါ။

ဖေးချမ့်က ဒီလူ့မှာ ကွန်ပျူတာ တပ်ဆင်သည့် အသိပညာကလွဲပြီး တခြား ပါရမီရှိသေးသလားဆိုတာ နားလည်မှ ဖြစ်မည်။ ဥပမာအားဖြင့် သူက မားကတ်တင်းဆင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး စီးပွားရေးလုပ်တတ်သူလား။ ဒါဆို ဖေးချမ့် သူ့ကို လုံးဝ လက်ခံမှာ မဟုတ်ပါ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now