Ch-24

401 37 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၂၄) ပန်းချီလောက စိတ်ဓာတ်တက်ကြွလာပြီ

ခေတ္တကြာသောအခါ...

Group Chat တစ်ခုလုံး ဗြောင်းဆန်သွားခဲ့၏။

"ထန်းတာ့ ကုမ္ပဏီဆိုတာ အထီးကျန်ကန္တာရလမ်းကို ဖန်တီးတဲ့ ကုမ္ပဏီ မဟုတ်ဘူးလား။"

"... သူတို့က တခြားဂိမ်းစုတ်တွေ မလုပ်တော့ဘဲ မိုဘိုင်းဂိမ်းတွေဘက်ကို လှည့်သွားပြီလား။"

"ဒီလိုကုမ္ပဏီမျိုးက သဘောထား ပြည့်ဝတယ်ပေါ့။ တကယ်ကြီးလား။"

ထိုလူအားလုံးက အမြန်ရှာဖွေကြည့်လိုက်ကာ ဒီဂိမ်းကို အနည်းငယ် ရေပန်းစားခဲ့သည့် ဂိမ်းစုတ် အထီးကျန်ကန္တာရလမ်းကို ဖန်တီးခဲ့သည့် ကုမ္ပဏီကပဲ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိလိုက်ကြပါသည်။

ဒီလို ကုမ္ပဏီက ဘယ်လိုလုပ်ပြီး သဘောထား ပြည့်ဝမှာလဲ။

ရွမ်ကွမ်းကျန့်က အမြန် ရှင်းပြလိုက်ပါသည်။ "တကယ်ပါ။ ခင်ဗျားတို့ မယုံရင် ဂိမ်းကို ဒေါင်းလုတ်ဆွဲပြီး စမ်းဆော့ကြည့်လို့ရပါတယ်။ ဂိမ်းက အရမ်းမျှတပြီးတော့ ၁၀ ယွမ်တည်းနဲ့ စိတ်ကြိုက်ကစားနိုင်ပါတယ်။ ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ တစ်ခုတည်းသော ပစ္စည်းက ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ်တစ်ခုပဲ။ ပြီးတော့ အဲ့တာကလည်း နေ့စဥ် ၁၀ ကတ်ဆွဲခွင့် တစ်ခေါက်ပဲ ထပ်ပေးတာပါ။ အဲ့ဒီအပြင် တခြား Paywall ဘာမှ မရှိဘူး။"

"တကယ်ပြောတာလား။"

ချန်းချီ မယုံကြည်နိုင်ပေ။

(ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ ပစ္စည်း ဘာမှမရှိတဲ့ မိုင်ဘိုင်းကတ်ဂိမ်းတစ်ခုလား)

(သူတို့က ပိုက်ဆံကို ဘယ်လိုရနိုင်ဖို့ မျှော်လင့်နေတာလဲ)

(ကစားသမားတိုင်းဆီက ၁၀ ယွမ်လောက်နဲ့ အရင်းကျေဖို့ မျှော်လင့်နေတာလား)

(ဒါဆို ဒီဂိမ်းက အရှုံးပေါ်ဖို့ သေချာနေတဲ့ ဂိမ်းပဲ မဟုတ်လား)

အားလုံးက သံသယဖြစ်နေကြပြီး ဂိမ်းကို ဝယ်ကာ စမ်းကြည့်လိုက်ကြပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now