Ch-19

401 42 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၉) မူရင်းပန်းချီပုံတွေက မင်သက်စရာ အရည်အသွေးနဲ့

ထိုနေ့ နေ့လည်ခင်း ဖေးချမ့် အိပ်ယာမှ နိုးလာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်လောက်တည်းက တော်တော်လေး အိပ်လို့ကောင်းနေခဲ့ပြီး ဘာကြောင့်မှန်း နားမလည်နိုင်ခဲ့ပါ။

(ဒါ ပိုက်ဆံရဲ့ စွမ်းအားများလား)

ဆင်းရဲမွဲတေသည့် အခြေအနေမှ လွတ်ထွက်ပြီး သုံးဖို့ ဖြုန်းဖို့ ယွမ် ၃၀၀,၀၀၀ ရတော့မည်ဟူသည့် အတွေးက ဖေးချမ့်ကို စိတ်တည်ငြိမ်အေးချမ်းသွားစေသည်။

သူ့လက်ပ်တော့ကို ဖွင့်လိုက်ပြီး ရင်းမြစ် ဝက်ဘ်ဆိုက်ထဲ ဝင်လိုက်သောအခါ အသိပေးချက် တစ်ခု ဝင်လာ၏။ ရွမ်ကွမ်းကျန့်၏ မူရင်းပန်းချီပုံများဖြစ်ပါသည်။

ဒေါင်းလုတ်ဆွဲနှုန်းက မနှေးသော်လည်း မူရင်း ပန်းချီပုံများက အလွန် အရည်အသွေး မြင့်မားသဖြင့် ဒေါင်းလုတ်ဆွဲချိန် နည်းနည်း ကြာနေပါသည်။

"သူ တကယ် အချိန်မှီပြီးသွားတာပဲ။ အဆင်ပြေလိုက်တာ။"

"အရည်အသွေးက ဘယ်လိုနေမလဲမသိဘူး။"

"အရမ်းလှတာမျိုး မပေးနိုင်ရင် ပိုကောင်းလိမ့်မယ်။ အရမ်းလှလွန်းနေရင် ငါသေသွားလိမ့်မယ်။"

စာရင်းရှင်းသည့်ရက်ရောက်ဖို့ ၁ ပတ်နီးပါး အလိုသာ ရှိတော့သဖြင့် ဖေးချမ့်က ဂိမ်းကို တတ်နိုင်သမျှ အမြန်ဆုံး ဖြန့်ချိရပါတော့မည်။

ငွေစာရင်းရှင်းသည့်နေ့မတိုင်ခင် ၁ ပတ် အလိုတွင် ဖေးချမ့်၌ မကြေညာထားသည့် ဘယ်လို ထုတ်ကုန်မှ ရှိလို့မရကြောင်း စနစ်က သတိပေးထားသည်။

တစ်နည်းအားဖြင့် စနစ်က ဖေးချမ့်ကို ပုံမှန် စီးပွားရေး လုပ်ရိုးလုပ်စဥ်အတိုင်း လိုက်နာစေပြီး ထုတ်ကုန်ကို ဖြန့်ချိပြီး တစ်ပတ် အကြာမှ အမြတ်နှင့် အရှုံးများကို တွက်ချက်ပေးမည်ဖြစ်ပါသည်။

မကြေညာထားသည့် ထုတ်ကုန်များ ရှိနေပါက စနစ်က ငွေစာရင်းရှင်းမည့်နေ့ကို ဆိုင်းငံ့လိုက်မည်ဖြစ်ပြီး ဖေးချမ့်ကလည်း ဒါကို လက်ခံနိုင်မည် မဟုတ်ပေ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now