Ch-151/152

185 13 0
                                    

ဖေးချမ့် 151+152

အခန်း(၁၅၁) ဆာဗာဖွင့်ပြီး အခြေအနေ စမ်းသပ်ကြည့်လိုက်

တစ်ပတ်ခန့်အကြာ၊ မေလ ၁၈ ရက်နေ့ အင်္ဂါနေ့တွင်

ရှန်းယန်ဂိမ်း၌...။

ဂိမ်း၏ အစောဆုံး ဗားရှင်း ပြုပြင်မှုများ ပြီးဆုံးသွားပါပြီ။ သို့သော်လည်း ယဲ့ကျစ်ကျိုးက ၎င်းတို့ကိုအတည်ပြုပြီး ဂိမ်းကို အပ်ဒိတ်တင်ဖို့ လက်မရဲသေးပါ။ သူ့ဆီက အမိန့်တစ်ခုတည်းကြောင့် ရှန်းယန်ဂိမ်း၏ ကံကြမ္မာ ပြောင်းလဲသွားပြီး လမ်းစဥ် အသစ်စက်စက်တစ်ခုစီ ဦးတည်သွားလိမ့်မည်ဟု တွေးလိုက်ရုံနဲ့တင် ယဲ့ကျစ်ကျိုး၏ လက်များ တုန်ယင်လာပါသည်။

အစည်းအဝေး ကျင်းပပြီး ၁ ပတ်ခန့် အကြာတွင် ပြုပြင်သင့်သည်များကို ပြုပြင်ပြီးပါပြီ။

ဘော့စ်ဖေး၏ ညွှန်ကြားချက်အတိုင်း Romantic Taoist နဲ့ Bloody Battle Song များ၏ ဝယ်ယူနိုင်သော ပစ္စည်းအားလုံးကို ဖယ်ရှားလိုက်ပြီးပြီ။ ဂိမ်းတစ်ခုစီတွင် ဝယ်ယူနိုင်သော ပစ္စည်းတစ်ခုစီသာ ကျန်ရှိပါတော့သည်။

Romantic Taoist က RPG ဂိမ်းတစ်ခု ဖြစ်သည်။ ကစားသမားများအကြား ပြိုင်ဆိုင်မှု မရှိပါ။ ထို့ကြောင့် ထိုဂိမ်းကို ပြုပြင်ဖို့က အများကြီး ပိုလွယ်ကူ-သည်။ ယဲ့ကျစ်ကျိုးက အခြေခံအကျဆုံး အရှိန်မြှင့်ကတ်ကို ဝယ်ယူနိုင်သော တစ်ခုတည်းသော ပစ္စည်းအဖြစ် ချန်ထားလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီဂိမ်းကို အချိန်မရွေး ပြန်သိမ်းနိုင်၏။ ကုမ္ပဏီ၏ အဓိက အားထားရာလည်း မဟုတ်တော့ပေ။

အဓိက အားထားရာက Bloody Battle Song ဖြစ်သည်။

အများကြီး ချင့်ချိန်စဥ်းစားပြီးသည့်နောက် ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ နှစ်ယောက် ဂိမ်းထဲမှာ ဝယ်ယူနိုင်သော တစ်ခုတည်းသော ပစ္စည်းအား ဆုံးဖြတ်လိုက်ကြပါသည်။ ခွန်အားဆေးရည် ဖြစ်၏။ ခွန်အားဆေးရည်များ၏ စျေးနှုန်းကို မြှင့်တင်လိုက်သည်။ လူတစ်ယောက်ကို နေ့တိုင်း သံတုံး ၁၀၀ အများဆုံး အသုံးပြုနိုင်သည်။ဒါက ၁၀ ယွမ်နှင့် ညီမျှပါသည်။

ဝယ်ယူနိုင်သော ပစ္စည်းတစ်ခုတည်းရှိဖို့ ရည်ရွယ်ချက်ကို ပြည့်မှီစေရန် ဝမ်ရှောင်းပင်က ဂိမ်းတစ်ခုလုံး၏ LEVEL ဒီဇိုင်းကို ပြန်လည်ပြုပြင်ခဲ့ပါသည်။ တခြား အစီအစဥ်များကိုလည်း ထိုပြောင်းလဲမှုများအပေါ် အခြေခံပြီး ပြုပြင်ခဲ့သည်။ အစားထိုး လုပ်ဆောင်ချက်အသစ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ 'ရွေးချယ်ခံစနစ်' ကဲ့သို့ ဖြစ်သည်။ ယဲ့ကျစ်ကျိုး သိပ်မကြာသေးခင်က အကြံပေးခဲ့သော စနစ် ဖြစ်လေ၏။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now