Ch-47/48

332 32 0
                                    

အခန်း(၄၇) သမိုင်းဝင်မဲ့ အချိန်ပိုလစာ

သမုဒ္ဒရာရဲတိုက်၏ အသေးစိတ်အချက်များကို လျင်မြန်စွာ အဆုံးသတ်နိုင်ခဲ့သည်။

တစ်ပတ်တည်းနဲ့ လုပ်ဆောင်ချက်များအတွက် ဒီဇိုင်းမူကြမ်း အများစု ပြီးမြောက်သွားခဲ့ကြသည်။ ဟွမ်းစစ်ပေါ်က ပရောဂျက်ကို စောင့်ကြည့်တာဝန်ယူထားပြီး သူနဲ့ ပေါင်ရှုထို့၏ concept နှင့် ခြားနားမှုတစ်ခုခုတွေ့ရှိပါက ပြောင်းလဲရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ဒီဇိုင်နာအဖွဲ့တစ်ခုက ဂိမ်း၏ Prototype ကို ဂိမ်းအယ်ဒီတာ အသုံးပြုကာ စတင်ဖန်တီးခဲ့ကြသည်။

အထွေထွေသုံးနိုင်သော နမူနာများကို အသုံးပြုခြင်းကြောင့် ၎င်းတို့၏ စဦးအခြေအနေက ကောင်းမွန်၏။ သို့သော် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ ရည်မှန်းထားသည့် effect များရရှိအောင် တိကျသည့် အပြောင်းအလဲများ လုပ်ဖို့ လိုအပ်ပါသည်။

ပန်းချီအဖွဲ့က ရင်းမြစ်ဝက်ဘ်ဆိုင်ပေါ်တွင် ပန်းချီဆရာများနှင့် ဆက်သွယ်ကာ ပန်းချီရင်းမြစ် လိုအပ်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးဖို့ တာဝန်ယူထားသည်။

အထွေထွေ အသုံးပြုနိုင်သော ဇွန်ဘီနှင့် ကြေးစား နမူနာများနှင့် ကလေးမလေး၏ မော်ဒယ်ကိုပါ လျင်မြန်စွာ ပြုလုပ်ခဲ့ကြပါသည်။

ထိုကလေးမလေး၏ ပုံကို အသုံးပြုပြီး ထန်းတာ့ကုမ္ပဏီဘက်က ပန်းချီအဖွဲ့သားများက ပန်းချီဆရာများနှင့် ဟွမ်းစစ်ပေါ်၊ ပေါင်ရှုတို့အကြား အတည်ပြုပေးဖို့ အပြန်ပြန်အလှန်လှန် ဆက်သွယ်ပေးရသည်။

ကလေးမလေး၏ ပုံအတွက် တာဝန်ရှိသူ သုံးယောက်သာ ရှိ၏။ တစ်ယောက်က မူရင်း ပန်းချီပုံတာဝန်ယူထားသော concept ပန်းချီဆရာတစ်ယောက်ဖြစ်သည်။ နောက်တစ်ယောက်က ထိုကလေးမလေး၏ မော်ဒယ်ဖန်တီးဖို့ တာဝန်ယူထားပြီးနောက်ဆုံး တစ်ယောက်ကတော့ လှုပ်ရှားမှုများအတွက် တာဝန်ယူထားပါသည်။ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင် ကျွမ်းကျင်အလုပ်များ လုပ်ဆောင်ကြရသည်။

ထိုကဲ့သို့ အလုပ်နှုန်းဖြင့် ကလေးမလေးမှာ ဂိမ်းထဲတွင် ရင်းနှီးမြှုပ်နှံရဆုံး ဇာတ်ကောင်ဖြစ်လာခဲ့၏။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now