Ch-17

414 43 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၇) တက်ကြွတဲ့ ပုံဆွဲဆရာ

အားလုံးက မာယန်၏ လိုအပ်ချက်ဖောင်ကို ပြသထားသော ရွမ်ကွမ်းကျန့်၏ ဖန်သားပြင်ကို ကြည့်လိုက်ကြသည်။

"ကွမ်ယုက... နဂါးတစ်ကောင် ဟုတ်လား။"

"ပြီးတော့ မာချောင်က... မြင်းလူသား တစ်ကောင်တဲ့လား။"

"ဒါဆို ကျူးကောလျန့်က ဝက်တစ်ကောင်ပေါ့" ဟွမ်ကြီးက ယုတ္တိရှိစွာ ခန့်မှန်းလိုက်ပါသည်။

ရွမ်ကွမ်းကျန့်က သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ "မင်းမေလင်ကို ဝက်လား ကျူးကောလျန့်က နာမည်ကျော် တီထွင်သူတဲ့ကွ။”

"... အဲ့တာ ဝက်တစ်ကောင်ထက်တောင် ပိုဆိုးသေးတယ်" ဟွမ်ကြီးက မကျေနပ်စွာ ပြောလိုက်ပါသည်။

လိုအပ်ချက်ဖောင်ကို ကြည့်ရင်း ဟွမ်ကြီး ဆွံ့အသွားရသည်။

ဒါက လိုအပ်ချက် ဖောင်တဲ့လား။

ဒီသမိုင်းဝင်ပုဂ္ဂိုလ်များအတွက် အစွန်းရောက် ပြုပြင်ပြောင်းလဲမှုများ ပေးထားတာကလွဲပြီး ကျန်တာ ဘာမှ ရေးမထားပါ။

ဒီလိုသာဆို မှီငြမ်းဖို့ ပုံတောင်းဆိုခြင်းက ပိုကောင်းသည်။ သို့သော်လည်း မှီငြမ်းဖို့ အခြေခံပုံများပင် မရှိခဲ့ပါ။

ထို့အပြင် ပြောင်းလဲမှုများကလည်း ပုံစံမျိုးစုံနှင့်ဖြစ်သည်။

တိရိစ္ဆာန်အဖြစ် ပြောင်းလဲသွားသူများ၊ လိင်ပြောင်းလဲသွားသူများနှင့် ဘယ်လိုမှန်းမသိဘဲ နည်းပညာပိုင်း ကျွမ်းကျင်သူများတောင် ရှိလာခဲ့ပါသည်။

လုံးဝ ရှုပ်ထွေးနေသာ ဖောင်ဖြစ်ပါသည်။

"ဖောက်သည်က ကျပ်မပြည့်ဘူးလား။"

"စုတ်ပြတ်လိုက်တဲ့ ဖောင်ကြီးကွာ..."

ဟွမ်ကြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရွမ်ကွမ်းကျန့်က ဒီအလုပ်ကို တကယ်ကြီး လက်ခံခဲ့လိမ့်မည်ဟု မထင်ခဲ့မိပါ။

တဖက်လူက အဆုံးသတ်ရလဒ်ကို သဘောမကျဘဲ စကားအချေအတင်ဖြစ်သွားမှာကို မကြောက်ဘူးလား။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now