Ch-75+76

250 16 0
                                    

ဖေးချမ့် 75+76

အခန်း(၇၅) ပထမနေရာ ထုတ်ပယ်စနစ် သုံးမယ်

"ကောင်းလိုက်တာ"

"ဒီလို သိတတ်တဲ့ စနစ်မျိုးကိုမှ သဘောကျတာ"

စနစ်အကြောင်း ဖြည်းဖြည်းချင်း နားလည်လာပြီးနောက် ဖေးချမ့်တစ်ယောက် အသားကျလာပြီဟု ခံစားမိပါသည်။

ဒီအထူးတာဝန်က ခက်ခဲလို့လား။

အနည်းငယ် ခက်ခဲနိုင်သော်လည်း စီမံလို့တော့ရပါသေးသည်။

ထို့အပြင် စနစ်က ထိုကဲ့သို့ အထူးတာဝန်ကို မကြေညာရင်တောင် ဖေးချမ့် ဒီလိုအကြံမျိုး ရထားတာ ကြာပြီဖြစ်သည်။

နောက်ထပ် ၁၀ နှစ်အတွင်း ဆိုင်ခန်းများက အလွန်ဆိုးရွားလာမည်ကို ဖေးချမ့် ရှင်းရှင်းလင်းလင်း သိထားသည်။ အကြောင်းအရင်းက ၂ ခုရှိ၏။ ပထမဆုံး ဆိုင်ငှားသူများအတွက် အလွန်အကြူး မြင့်တက်လာသော ဆိုင်ငှားခများ၊ ဒုတိယက e-commerce နှင့် အမြန်ချောပို့ဝန်ဆောင်မှုများ တိုးတက်လာသဖြင့် လူတွေက အိမ်မှာနေရင်း ရှော့ပင်းထွက်ရတာကို ပိုသဘောကျလာကြပါသည်။

အရင်တုန်းကတော့ တက္ကသိုလ်တစ်ခုအနားမှာ ဆိုင်ဖွင့်လျှင် အလွန်စီးပွားရေးကောင်းနိုင်သည်။ မုန့်ပဲသရေစာများ ရောင်းချခြင်း သို့မဟုတ် မိတ္ထူကူးခြင်း ဝန်ဆောင်မှု စသည်တို့ကို လုပ်ရင်တောင် ထိုဆိုင်အားလုံးက အလွန်ဝင်ငွေကောင်းသည်။ အင်တာနက်ကဖေးတစ်ခု သို့မဟုတ် နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လိုက်ပါက အမြတ်များက ပို၍ပင် မြင့်သွားနိုင်ပါသည်။

သို့သော်လည်း ဆိုင်ခန်းများက ပိုပိုပြီး ဆိုးရွားလာကြကာ ပိတ်ကုန်ကြသည်။ အကြောင်းအရင်းကတော့ သူတို့ကမ်းလှမ်းနိုင်သည့် ဆောင်ရွက်ချက်များစွာကို ဒစ်ဂျစ်တယ် စီးပွားရေး ပလက်ဖောင်းများက အစားထိုးလိုက်ကြပြီ ဖြစ်သောကြောင့်ပင်။

အရင်တုန်းကတော့ တက္ကသိုလ်ကျောင်းသားများစွာက ဒစ်ဂျစ်တယ်မောလ်များ သို့မဟုတ် ဆိုင်များကို သွားပြီး ကွန်ပျူတာများကို ဝယ်ယူပါက ဆိုးဆိုးရွားရွား အလိမ်ခံကြရသည်။ နောက်ပိုင်းမှာတော့ အားလုံးက JD.com ကိုသွားကြပြီး ထိုဒစ်ဂျစ်တယ်မောလ်များကို အားမပေးကြတော့ပါ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now