Ch-11

514 40 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်

အခန်း(၁၁) ခံယူချက် ပြောင်းလဲခြင်း

မာယန်က ပစ္စည်းများကို ထုပ်ပိုးပြီး အနီးအနားရှိ စာအုပ်ဆိုင်တစ်ဆိုင်တွင် ဂိမ်းဒီဇိုင်းနှင့် ပတ်သတ်သည့် နည်းပညာစာအုပ်များကို သွားရှာသည်။

မာယန် စာအုပ်ဘယ်နှအုပ် ဝယ်နိုင်မလဲ ဖေးချမ့် မသိသော်လည်း စာအုပ်ဆိုင်အရေအတွက်ကို ကြည့်ခြင်းအားဖြင့် အနည်းငယ်တော့ ရနိုင်ပါသည်။

တကယ်တော့ ဒီအချိန်ကာလတွင် အွန်လိုင်း ရှော့ပင်း ပလက်ဖောင်းများ ရှိနေပြီဖြစ်ပြီး စာအုပ်စာပေကို အထူးပြုသည်း ဝက်ဘ်ဆိုက်များလည်း အပါအဝင်ဖြစ်သည်။

သို့သော်လည်း လူအများစုက ထိုပလက်ဖောင်းများကို အသားမကျသေးပေ။ တကယ်တော့ တချို့သင်ယူနိုင်စွမ်းနှေးသော ကျောင်းသားများမှာ အင်တာနက်ဘဏ် ဝန်ဆောင်မှုကိုတောင် မလျှောက်ထားနိုင်ကြပါ။

မာယန်က သင်ယူနိုင်စွမ်းနှေးကွေးပြီး၊ ရှေးရိုးဆန်သည့် ကျောင်းသားအုပ်စုထဲတွင် ပါဝင်သည်။ စာအုပ်များကိုဝယ်သည့်အခါ သူ့ပထမဆုံးရွေးချယ်မှုက စာအုပ်ဆိုင်တစ်ဆိုင်သို့ အပြေးသွားပြီး အကြောင်းအရာများ ပါသည့် စာမျက်နှာကို လှန်ကြည့်ကာ လိုချင်မလိုချင် ဆုံးဖြတ်သည်။

အမှန်ပင်။ ထိုအလေ့အထက လာမည့် နှစ်အနည်းငယ်အတွင်း ကြီးမားသော ပြောင်းလဲမှုများကြောင့် ပျက်ပြယ်သွားပါတော့မည်။

ဖေးချမ့်က အိပ်ယာပေါ် ပြန်တက်ကာ လက်ပ်တော့ကို ဖွင့်လိုက်၏။ ဘာဆက်လုပ်ရမလဲ စဥ်းစာလိုက်၏။

မွန်းတည့်ချိန်တွင် မာယန် ပြန်ရောက်လာသည်။

စာအုပ်ရှစ်အုပ်လောက် ပြန်သည်လာပြီး အထူဆုံး စာအုပ်က လက်ချောင်းနှစ်ချောင်းစာ အထူရှိသည်။ ၂၀၀ မီလီမီတာ ရှည်ပြီး နာမည်က အဆင့်မြင့် ပရိုဂရမ်းမင်းပညာ အကျဥ်းချုံးဟူ၍ ဖြစ်သည်။

ထို့အပြင် ကုဒ်ရေးခြင်းပညာတွင် ရှင်သန်ခြင်းလမ်းညွှန်၊ ပရိုဂရမ် စီမံခြင်းပညာ စုစည်းမှု၊ ကုဒ်ရေးခြင်း ပညာအတွက် ပြီးပြည့်စုံသော လမ်းညွှန်နှင့် လည်ပင်း ဝေဒနာမှ ပြန်လည်သက်သာခြင်း စသဖြင့် စာအုပ်များလည်း ပါဝင်သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now