Ch-101+102

204 13 0
                                    

ဖေးချမ့် 101+102

အခန်း(၁၀၁) စာအုပ်ကိုကြည့်တာမဟုတ် ဆွဲဆောင်မှုကိုကြည့်တာ

ကစားသမားများ မဝေဖန်ဘဲ ကစားသမား တစ်ယောက်တည်းသာ ဝေဖန်ခဲ့ပါက ဖေးချမ့် မကြားချင်ယောင်ဆောင်နိုင်သည်။ ထို့နောက် သူ ဘာမှလုပ်စရာလိုမည်မဟုတ်ပါ။ သို့သော်လည်း အခု လက်ရှိအခြေအနေအရ သူ ဘာမှမလုပ်ဘဲ နေပါက ကစားသမားတွေက သေချာပေါက် သူ့ကို ခွင့်လွှတ်မှာ မဟုတ်ပေ။

ကစားသမားများ ဒေါသဖြစ်လာပြီး တစ္ဆေစစ်သူကြီးအကြောင်း အနုစိတ် လေ့လာကြလိမ့်မည်။ ထိုအခါ သူ ပြဿနာ အကြီးကြီး တက်သွားနိုင်ပါသည်။

စနစ်၏ စည်းမျဥ်းတစ်ခုက စနစ်၏ တည်ရှိမှုအကြောင်း  အရိပ်အမြွက်ပေးလို့ မရသလို ပြောပြလို့လည်း မရပါ။ ဆိုလိုရင်းက ဖေးချမ့်မှာ ယုတ္တိမရှိဘဲ ကျိုးကြောင်းမသင့်လျော်သည့် အရာများကို လျှို့ဝှက်လုပ်ဆောင်လို့သာ ရပါသည်။ သို့သော် လူထုက သူ့ကို သံသယဖြစ်လာအောင် လုပ်လို့ မရပါ။

တစ္ဆေစစ်သူကြီးက ဝင်ငွေ အရမ်းကောင်းနေသော်လည်း အပ်ဒိတ် မတင်တာ ယုတ္တိမရှိပါ။  လူအများကြီး တစ္ဆေစစ်သူကြီးကို တောင်းဆိုနေကြခြင်းသာ မဟုတ်ပါက ဖေးချမ့် အဆင်ပြေနိုင်ပါလိမ့်မည်။

သို့သော်လည်း ဒီကိစ္စသာ ပေါက်ကြားသွားပြီး ဂိမ်းလောက၏ အတွင်းအပြင်လူများ သံသယဖြစ်လာပါက ဖေးခချမ့်၏ လုပ်ရပ်ကို စည်းကမ်းဖောက်ဖျက်မှုကို သတ်မှတ်နိုင်ပါသည်။
ဖေးချမ့်က ဒီစွန့်စားမှုမျိုး လုပ်ဖို့ မလိုအပ်ပါ။

ထို့ကြောင့်  စက္ကန့်ပေါင်းများစွာ စဥ်းစားပြီးနောက် ဂိမ်းဒီဇိုင်နာ ပြီးမြောက်သွားတာနဲ့ တစ္ဆေစစ်သူကြီးကို အပ်ဒိတ်တင်မည့်ကိစ္စကို စဥ်းစားမည် ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကတ်ရုပ်ပုံ အနည်းငယ်ကို ဝယ်ယူပြီး တချို့ လုပ်ဆောင်ချက် နမူနာတချို့ကို ဝယ်ယူကာ ဂိမ်းထဲထည့်လိုက်ဖို့သာ လိုပါသည်။ ထို့နောက် စျေးနိမ့်နိမ့်တစ်ခု သတ်မှတ်ပေးလိုက်လျှင် အလုပ်ပြီးမြောက်သွားပြီဟု သတ်မှတ်နိုင်သည်။ နောက်ထပ် ငွေစာရင်းရှင်းချိန်က နောက်အပတ်မှ ဖြစ်ပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now