Ch-45/46

333 33 2
                                    

အခန်း(၄၅) အချိန်ပိုလစာ

ဘော့စ်ဖေး၏ ပြန်စာကိုမြင်သောအခါ ဟွမ်းစစ်ပေါ် ပီတိဖြာသွားခဲ့ရသည်။

အမှန်ပင်။ သူတို့အလုပ်ကို ဘော့စ်ဖေးက အသိအမှန်ပြုခဲ့ပါသည်။

ဒါဆို သူတို့ဆုံးဖြတ်ခဲ့သည့် ဦးတည်ချက်က ဘော့စ်ဖေးလိုချင်တဲ့ ဦးတည်ချက်ပဲဖြစ်သည်ဟု ဆိုလိုသည်။ ဘော့စ်ဖေးက တကယ်ပဲ ရည်မှန်းချက်အမျှော်အမြင် ကြီးမားလွန်းလှပါသည်။

နောက်တစ်ခေါက် ဖေးချမ့်၏ ပုံရိပ်မှာ ဟွမ်းစစ်ပေါ်၏ မျက်လုံးထဲတွင် လေးစားဖို့ ကောင်းလာခဲ့ပြန်ပါသည်။

"ဘော့စ်ဖေး နောက်ထပ် ပြဿနာတစ်ခုတော့ရှိသေးတယ်။ ဂိမ်းရဲ့ နာမည်လေ"

"ပေါင်ရှုက သမုဒ္ဒရာ ရဲတိုက်လို့ နာမည်မှည့်ချင်နေတယ်။ ကျွန်တော်ကတော့ အဲဒါ နည်းနည်းထူးဆန်းပြီး ကြောင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော်က နာမည်ပေးညံ့ပြီး ဘာမှကောင်းတာ စဥ်းစားလို့မရဘူး.. ဘော့စ်ဖေး အကြံပေးချင်တာ တစ်ခုခုရှိလား"

'သမုဒ္ဒရာရဲတိုက် ဟုတ်လား'

'ဘာလို့ဒီနာမည်ကို အရမ်းရင်းနှီးနေပါလိမ့်'

ဖေးချမ့် ရုတ်တရက် ပြန်မှတ်မိသွားပါသည်။

"ဟုတ်သားပဲ အဲဒီနာမည်က ငါ့အရင်ဘဝတုန်းက မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားရဲ့ နာမည်နဲ့ တူနေတာကိုး"

သူချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပါသည်။ "သမုဒ္ဒရာရဲတိုက်က ကောင်းပါတယ် အဲဒါပဲ ရွေးကြရအောာင်"

"ဟင် ခင်ဗျား ပြန်မစဥ်းစားတော့ဘူးလား ဘော့စ်ဖေး။ အဆုံးသတ်နာမည်ကို စဥ်းစားဖို့ အချိန်တွေရပါသေးတယ်"

"ရပါတယ် သမုဒ္ဒရာ ရဲတိုက်က ကောင်းတယ် ငါသဘောကျတယ်"

"ကောင်းပါပြီ ဘော့စ်ဖေး။ ဒါဆို ကျွန်တော် ဒီဇိုင်းမူကြမ်းကို ဆက်ဆွဲတော့မယ်နော်" ဟွမ်းစစ်ပေါ်က လက်ခံရုံသာရှိသည်။

ဖေးချမ့် စိတ်အေးသွားရ၏။

'သမုဒ္ဒရာရဲတိုက်ဆိုတဲ့ နာမည်က မကောင်းဘူးလား။ ဒီလောက် ကောင်းတဲ့နာမည်ကို'

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now