Ch-133/134

181 15 0
                                    

ဖေးချမ့် 133+134

အခန်း(၁၃၃) ရန်သူကို လှည့်စားမယ့် ဘော့စ်ဖေးရဲ့ ဗျူဟာ

မာယန်အနည်းငယ် ကြောင်သွားပါသည်။ သူ့မျက်လုံးများ စိုစွတ်လာ၏။"ညီအစ်ကိုချမ့် အခြေအနေတွေ ဒီလောက်ထိ ဆိုးရွားနေတာတောင် ငါ့ကိုယုံကြည်တုန်းပဲလား။ ငါတကယ်...။”

ဖေးချမ့်က မာယန်၏ ပခုံးကိုပုတ်ပေးလိုက်ပြီး ကျန်းယွမ်ကို ကြည့်လိုက်ပါသည်။ "မှတ်ထားပါ။ ငါမင်းတို့နှစ်ယောက်အပေါ်မှာ အမြဲတမ်း မျှော်လင့်ချက်မြင့်မြင့်ထားတယ်။ အဲ့တာ မပြောင်းလဲဘူး။ ငါတို့ တစ်လကို ၃၀၀,၀၀၀ လောက် အရှုံးပေါ်နေလဲ ဘာဖြစ်လဲ။ ထန်းတာ့က အခု ကုမ္ပဏီအကြီးစားကြီးတစ်ခုပဲလေ။ ပိုက်ဆံတွေ ဒီတိုင်း ပုံထားလို့ ဘာအသုံးဝင်မှာလဲ။ ကောင်းကောင်း အသုံးချရမှာပေါ့။”

"ငါထပ်ပြောလိုက်မယ်။ ယွီအင်တာနက်ကဖေးက ထန်းတာ့ကော်ပိုရေးရှင်းအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲနော်။ ဒီပရောဂျက်ကို ငါအများကြီးမျှော်လင့်ထားတယ်။ အဲ့တာကြောင့် မင်းတို့ နှစ်ယောက်ကို တာဝန်ပေးထားတာ။  အမြတ်တွေဘာညာကို လုံးဝခေါင်းထဲထည့်မနေနဲ့။ ငါတို့ အခု သတ်မှတ်ထားတဲ့ စျေးတွေကိုလည်း လျှော့ပေးလို့မရဘူး။ မင်းတို့လုပ်ရမှာက ဒီအဆင့်အတန်းအတိုင်း ဆက်ပြီး ထိန်းသိမ်းထားဖို့ပဲ။ နားလည်လား။”

"မာယန် ၃၀၀,၀၀၀ ကို အာရုံစိုက်မနေစမ်းပါနဲ့။ ယွမ် ၃ သန်းဖြစ်ဖြစ် သန်း ၃၀ လောက်ဖြစ်ဖြစ် ဖြစ်နေရင်တောင် မင်းတို့ ငါ့ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာသရွေ့ မင်းတို့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ၊ ငါမျက်မှောင်တစ်ချက်မကြုတ်စေရဘူး။”

"စိတ်ချထား။ ငါထပ်ပြောမယ်နော်၊ မင်းတို့ ဘယ်လောက်ပဲ ဆုံးရှုံးပါစေ ငါတာဝန်ယူမယ်။”

ဖေးချမ့် အင်တာနက်ကဖေးထဲက စိတ်မသက်သာဖြစ်နေသော ဝန်ထမ်းများအားလုံးကို ကြည့်လိုက်သည်။

"မင်းတို့အားလုံးလည်း အတူတူပဲ။ မင်းတို့တွေ စိတ်ပိုင်းဆိုင်ရာမှာ ဝန်မပိစေချင်ဘူး။ ယွီအင်တာနက်ကဖေးက ဘယ်လောက်ပဲဆုံးရှုံးပါစေ မင်းတို့ညီအစ်ကိုတွေကို တစ်ယောက်မှ အပြစ်မတင်ဘူးလို့ ငါအာမခံတယ်။"

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now