Ch-106+107+108

201 15 1
                                    

ဖေးချမ့် 106+107+108

အခန်း(၁၀၆) သူက ကြီးမြတ်တာတွေလုပ်ဖို့ ကံပါလာတာပဲ

မတ်လ ၁၆ ရက်နေ့။ နေ့လည်ခင်းတွင်...

ဧည့်သည်အခန်း၌...

ဖေးချမ့်က လျှောက်လွှာပေါ်က နာမည်ကိုကြည့်လိုက်ပြီး အတော်လေး သဘောမတွေ့လှပါ။ ဒီလိုနာမည်မျိုး ရှိနေလိမ့်မည်ဟု မထင်မိပါ။ အဆင်တော့ပြေပါသည်။ သူနာမည်ကို ခေါ်တာ မှန်လောက်ပါသည်။

"မာထုပေါင်ဟုတ်လား။" ဖေးချမ့်က ဟွမ်းစစ်ပေါ် ထောက်ခံပေးထားသည့် ဇာတ်လမ်းအစီအစဥ်ရေးဆွဲသူကို မော့ကြည့်လိုက်ပါသည်။

မာယန်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါတယ် ဘော့စ်ဖေး ကျွန်တော်ကို မာယိချွမ်လို့ ခေါ်လို့ရပါတယ်။ ကျွန်တော့်ကို အဲ့လိုပဲခေါ်ကြပါတယ်။”

"ဟုတ်ပြီ၊ ဟုတ်ပြီ။"

ဖေးချမ့်က လျှောက်လွှာကို စတင် စစ်ဆေးပြီး မာယိချွမ်ကတော့ စိတ်ရှည်ရှည်ဖြင့် စောင့်စားနေပါသည်။ တကယ်တော့ ဖေးချမ့်က ဘယ်သူ့ကိုမှ အလုပ်ထပ်ခန့်ဖို့ အစီအစဥ်မရှိပါ။ လောလောဆယ် ဂိမ်းဒီဇိုင်နာကို ဖန်တီးဖို့နဲ့ သုတေသနလုပ်ဖို့ လူအင်အား လုံလောက်နေပါသည်။

နောက်ပိုင်း လူသစ်များ ထပ်ခန့်အပ်ချင်လား ဂိမ်းနှစ်ခုကို တစ်ပြိုင်တည်း ဖန်တီးချင်သလား ဆိုတာကိုတော့...

လောလောဆယ် ဖေးချမ့် မစဥ်းစားချင်သေးပါ။

သို့သော်လည်း မာယိချွမ်ဆိုသူမှာ ဟွမ်းစစ်ပေါ် ထောက်ခံပေးထားသောလူ ဖြစ်ပါသည်။ သူ့သတ်မှတ်ချက်အရ ဖေးချမ့် ဒီလူ့ကို တွေ့မှ ဖြစ်မည်။ ဒီလူ့၏ အောင်မြင်မှုများက တကယ်ပဲ အထင်ကြီးဖို့ကောင်းပါက သူ့ကို မခန့်အပ်ဖို့ တခြား အကြောင်းအရင်း တစ်ခုခု စဥ်းစားနိုင်ပါသည်။

သူ လျှောက်လွှာကို ခပ်မြန်မြန်ပဲ ဖတ်ကြည့်လိုက်သည်။ အင်း... အတွေ့အကြုံအရဆိုရင်တော့ ဘာမှအထင်ကြီးစရာမရှိဘူး။ ဟွမ်းစစ်ပေါ်လိုပဲ သူ့မှာလည်း လျှောက်လွှာထဲမှာ အရင်အလုပ်တစ်ခုကိုပဲ ရေးထားတယ်။

သူတို့နှစ်ဦးစလုံးက ဒီမတိုင်ခင်က ရှန်းယန်ဂိမ်းကုမ္ပဏီမှာ လုပ်ကိုင်ခဲ့ကြသည်။ ဟွမ်းစစ်ပေါ်က စီမံရေးအစီအစဥ်ရေးဆွဲသူဖြစ်ပြီး မာယိချွမ်ကတော့ ဇာတ်လမ်းအစီအစဥ်ရေးဆွဲသူဖြစ်ပါသည်။ ကြည့်ရသလောက်တော့ သူတို့နှစ်ယောက်က အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ခဲ့ကြသော ညီအစ်ကိုကောင်းများ ဖြစ်သည်။ သူ့မှာ အလုပ်အတွေ့အကြုံက ၁ နှစ်အောက် နည်းပါးသည်။ ဖေးချမ့်က ဒါကို အတော်လေး အားရပါသည်။ လျှောက်လွှာ၏ ကျန်အပိုင်းများကလည်း သူ့ကို မထူးခြားစေပါ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now