Ch-175/176

122 12 0
                                    

ဖေးချမ့် 175+176

အခန်း(၁၇၅) မဖြစ်သင့်တဲ့ပြဿနာကို ဘယ်သူရှာနေတာလဲ

ဖေးချမ့် လက်ရှိအခြေအနေများကို စဥ်းစားကြည့်လိုက်သည်။

ဂိမ်းဟောင်းများ၏ DLC များအတွက် တုန့်ပြန်မှုက အတော်လေး ကောင်းမွန်သည်။ သမုဒ္ဒရာရဲတိုက်က အနည်းငယ် ဝေဖန်ခံခဲ့ရသော်လည်း ၂ ရက်အတွင်း Patch အသစ်တစ်ခုကို အမြန်ထုတ်ခဲ့ပါသည်။ အကောင့် Credit စနစ်ကို ဖန်တီးလိုက်ပြီဖြစ်ပြီး Credit အဆင့်သတ်မှတ်ချက်များကို အသုံးပြုကာ Epic လက်နက်များကို ရောင်းချပေမည်။

လစဥ် Epic လက်နက် ၅၀၀ ကို ရောင်းချမည်ဖြစ်ပြီး ကစားသမားများအတွက် မတူညီသည့် Credit အဆင့်သတ်မှတ်ချက် ၃ ခု ရှိပါသည်။

အဆင့်သတ်မှတ်ခြင်းကို စံနှုန်းများစွာဖြင့် သတ်မှတ်သည်။ ဂိမ်မာများ၏ ဂိမ်းထဲတွင် Active ဖြစ်စွာ ကစားနိုင်မှု၊ ဂိမ်းအပေါ် ၎င်းတို့၏ ကူညီထောက်ပံ့မှု စသဖြင့် အားလုံးကို ကစားသမားများကို အဆင့်သတ်မှတ်ချက် ၃ ခုအဖြစ် ခွဲခြားဖို့ အသုံးပြုရန် တိကျသည့် Credit တန်ဖိုးများ ဖန်တီးဖို့ အသုံးပြုပါသည်။

Epic လက်နက်များ ရောင်းချမှုကိုလည်း အသုတ် ၃ ခုခွဲကာ ရောင်းချမည်။

Credit အဆင့်သတ်မှတ်ချက် ၃ ရှိသည့် ကစားသမားများက ပထမဆုံး အလက် ၁၀၀ ကို ဝယ်ယူနိုင်မည်။ Credit အဆင့်သတ်မှတ်ချက် ၂ ရှိသည့် ကစားသမားများက နောက်ထပ် လက်နက်အလက် ၁၀၀ ဒုတိယအသုတ်တွင် ဝယ်နိုင်မည်။ Credit အဆင့် ၁ ကစားသမားများကတော့ ကျန် လက်နက် ၃၀၀ ကိုသာဝယ်ယူနိုင်ပါမည်။

Credit အဆင့် သတ်မှတ်ချက်တိုင်းတွင် ကစားသမားတစ်ယောက်၏ Epic လက်နက်တစ်ခုကို အောင်အောင်မြင်မြင် ဝယ်ယူနိုင်ခြေအပေါ် သက်ရောက်မှုရှိသော အလွန်သေးငယ်သည့် ခြာနားချက်များ ရှိပါသေးသည်။ ကစားသမားတစ်ယောက်၏ Credit တန်ဖိုး မဆိုသလောက်လေး တက်သွားရုံနဲ့ Epic လက်နက်တစ်လက်ကို ဝယ်ယူနိုင်ခြေလည်း အနည်းငယ် တက်သွားပါလိမ့်မည်။

Credit အဆင့်သတ်မှတ်ချက် ၃ ခုအတွက် ကစားသမား အချိုးက ၁ : ၂ : ၁၀ ဖြစ်သဖြင့် Credit အဆင့်သတ်မှတ်ချက် ပိုမြင့်လေလေ လက်နက်တစ်ခု ရနိုင်ခြေ မြင့်လေလေဖြစ်ပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now