Ch-129/130

204 14 0
                                    

ဖေးချမ့် 129+130

အခန်း(၁၂၉) ဒါလုပ်ငန်းခွင်ဒဏ်ရာပဲ

အခု သူ့မှာ ဝန်ထမ်း ၅၀ ဝန်းကျင်သာရှိသေးသည်။ သို့သော်လည်း ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက်အထိ သုံးနိုင်ဖို့ မျှော်လင့်လို့ရပါသည်။ ဝန်ထမ်း ၅၀၀ ကျော်လောက်သာရှိပါက ယွမ် ၂ သန်း ၃ သန်းလောက်အထိ သုံးနိုင်မှာ မဟုတ်လား။

ယခုတော့ အရေးကြီးဆုံးလုပ်ရမည့်အရာက စနစ်၏ စည်းကမ်းစံနှုန်းများကို စမ်းသပ်ဖို့ဖြစ်သည်။ သူ့ဝန်ထမ်းများ၏ လုပ်ငန်းဒဏ်ရာများကို ကုသပေးချင်ပါက သုံးစွဲနိုင်သည့် အကန့်အသတ်ဘယ်လောက်ထိ ရှိသလဲ သူတိတိကျကျသိအောင်လုပ်ရမည်။

စည်းကမ်းစံနှုန်းများကို သေချာသိသွားပါက ဝန်ထမ်းများစွာကို စတင် ခန့်အပ်နိုင်လေပြီ။ ဒီလိုဆို အကြီးအကျယ် ဖြုန်းတီးဖို့ အစီအစဥ်တွေဆွဲဖိို့မလိုတော့ပေ။ 'ဒီနေ့ကြိုးစားအားထုတ်ပါက ထာဝရ တည်တံ့သည့် အကျိုးကျေးဇူးကို ရလိမ့်မည်' ဟူသည့် ဆိုရိုးအတိုင်းပင်။

"အားလုံးကို နေ့လည် ၃ နာရီကျရင် အစည်းအဝေးလုပ်ဖို့  အစည်းအဝေးခန်းထဲမှာ စုစည်းကြဖို့ ပြောလိုက်။” ဖေးချမ့်က စက္ကန့်ပိုင်းလောက်စဥ်းစားလိုက်ပြီး ထပ်ပြောလိုက်ပါသည်။

"မာယန်နဲ့ ဟွမ်းစစ်ပေါ်တို့ကိုပါခေါ်လိုက်။”

ယွီအင်တာနက်ကဖေးနဲ့ ဖေးဟွမ်လုပ်ငန်းအားလုံးကို ထန်းတာ့က ပိုင်ဆိုင်သည်။ ထိုနေရာက ဝန်ထမ်းများကလည်း တူညီသောအကျိုးခံစားခွင့်များကို ခံစားနိုင်ပါသည်။ သို့သော်လည်း အားလုံးကို လာခိုင်းဖို့တော့ အဓိပ္ပာယ်မရှိပါ။ မာယန်နဲ့ ဟွမ်းစစ်ပေါ်တို့ကို ကိုယ်စားလှယ်အဖြစ် လာခိုင်းလိုက်ပါက လုံလောက်ပါပြီ။

နေ့လည် ၃ နာရီတွင်။ အစည်းအဝေးခန်းထဲ၌။

အားလုံး ဇဝေဇဝါဖြစ်နေကြသည်။ အစည်းအဝေးခန်းထဲကို ဘာကြောင့်အခေါ်ခံလိုက်ရသလဲ မသိကြပါ။ ဖေးချမ့် ပရောဂျက်အသစ်နောက်တစ်ခုစဖို့ စဥ်းစားနေတာလား။ သို့သော်လည်း ဟွမ်းစစ်ပေါ်နဲ့ မာယန်တို့ပါ ရောက်နေတာကိုမြင်လိုက်ရသောအခါ မဖြစ်နိုင်ဘူးဟု ဆုံးဖြတ်လိုက်ကြပါသည်။ ဖေးချမ့်သာ ပရောဂျက်အသစ်တစ်ခုစတင်ချင်ပါက ထိုနှစ်ယောက်ကို ခေါ်ဖို့ မလိုဘူးမဟုတ်လား။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now