Ch-14

456 39 0
                                    

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ် (ဖေးချမ့်)

အခန်း(၁၄) မာယန်ရဲ့ အလုပ်

သုံးပြည်ထောင် ကတ်ဂိမ်းနှင့် ဆင်တူရိုးမှား ဖြစ်စေလိုသဖြင့် သုံးပြည်ထောင်ကို နောက်ခံထားပြီး ဖန်တီးရမယ်ဆိုတာ ဖေးချမ့် စဥ်းစားပြီးသားဖြစ်ပါသည်။

သို့သော်လည်း သုံးပြည်ထောင်ခေတ် နောက်ခံက မတူညီသော အိုင်ပီ အရောအနှောဖြစ်နေပြီး ကောင်းလည်းမကောင်းလွန်း၊ ဆိုးလည်း မဆိုးလွန်းသော အရာဖြစ်သည်။

ဂိမ်မာများကို သုံးပြည်ထောင် ဇာတ်ကောင်များအား မုန်းတီးစေချင်ပါက အကောင်းဆုံး နည်းလမ်းက ပြုပြင်ပြောင်းလဲကာ ၎င်းတို့၏ သမိုင်းဝင် ပုံရိပ်များကို လုံးဝ ဖျက်ဆီးပစ်ဖို့ ဖြစ်၏။

ဒီလိုဆို သုံးပြည်ထောင်ကို သဘောကျသည့် ဂိမ်မာများက ဆိုးရွားသော ပြောင်းလဲမှုများကြောင့် သေချာပေါက် အပြစ်တင်ကြပါလိမ့်မည်။ ထိုအခါ ဂိမ်းနာမည် ပျက်လာလိမ့်မည်။

ပြုပြင်ခြင်း အရေးကြီးတာဝန်ကိုတော့ မာယန်အား လွှဲပြောင်းပေးလိုက်မည်ဖြစ်သည်။

မာယန်၏ အစွမ်းအစကို ဖေးချမ့် လုံးဝ ယုံကြည်ချက် ရှိပါသည်။ မာယန် စိတ်အားထက်သန်စွာ လုပ်သရွေ့ သေချာပေါက် စုတ်ပြတ်အောင် လုပ်နိုင်ပါလိမ့်မည်။

ဇာတ်ကောင်များ၏ အမည်ကို မြင်သောအခါ မာယန် မျက်မှောင်ကြုတ်သွား၏။

အပေါ်ဘက် ကုတင်မှ ငုံ့ကြည့်လာပြီး တီးတိုးပြောလိုက်သည်။ "ယောက်ဖချမ့်။ ငါ... ငါက သုံးပြည်ထောင်ကို တီဗီဇာတ်လမ်းတွဲပဲ ကြည့်ဖူးတာကွ။ ငါ သိတောင်မသိတဲ့ လူတွေ အများကြီးပဲ..."

ဖေးချမ့် ရင်ထဲ အပျော်လွန်သွားခဲ့ပါသည်။ ဒါဆို အကောင်းဆုံးပဲ မဟုတ်ဘူးလား။

သုံးပြည်ထောင် ဇာတ်ကောင်တွေအကြောင်း နှံနှံ့စပ်စပ် သိနေမှ မင်းကိုဒီတာဝန်ပေးဖို့ကို ငါစိတ်ပူနေရမှာ။

"မစိုးရိမ်ပါနဲ့။ ငါမင်းကို ယုံကြည်ပါတယ်။ အဓိက အချက်က ရာဇဝင်ထဲက သူတို့ပုံစံတွေကို ပြောင်းလဲပစ်ဖို့ပဲကို။ မင်းရဲ့ ဖန်တီးနိုင်စွမ်းကို လွတ်လွတ်လပ်လပ်သာ ထုတ်ပြလိုက်စမ်း။ ပြောင်းလဲမှု ကြီးမားလေလေ ပိုကောင်းလေလေပဲ။"

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now