Part 1

12K 188 0
                                    

Unicode

အပိုင်း - ၁

"ဟဲ့ ကိုရင်စန္ဒောကို မမြင်မိပါလား...."

"...ရွာတောင်ပိုင်းက ကိုသာဦးတို့နဲ့ မြို့တက်ပြီး လက်ဝှေ့ပွဲသွားကြည့်တယ်ဘုရား..."

အနားရှိ ကိုရင်လေးတစ်ပါးက ဖြေလိုက်တယ်ဆိုလျှင်ပဲ

"...တယ် ဒီစ‌န္ဒောနဲ့လည်း ခက်ပါတယ်...."

ကုန်းသာရွာ၏ရွာဦးကျောင်းထိုင်ဆရာတော် တစ်ကိုယ်တည်းညည်းညူမိသွားသည်။ကိုရင်စ‌န္ဒောလက်ဝှေ့ပွဲသွားကြည့်တယ်လို့ အသံကြားရသည်နှင့်ကို ဆရာတော်ဘုရားမှာ စိတ်မအေးနိုင်တော့ပေ။

ဆရာတော်ဘုရားအနေဖြင့် စိတ်မအေးနိုင်စရာအကြောင်းအရင်းကလည်း ရှိထားသည်မို့ ကိုရင်ပြန်မလာမချင်း တရားလည်းမမှတ်နိုင်။

💮💮💮💮💮💮💮💮💮💮💮

"ဘုန်းဘုန်း တပည့်တော်ကို ခေါ်တယ်ဆိုလို့....."

"...အေး ဒါကျွေးမလို့ခေါ်တာ..ဖြန်း...ဖြန်း...."

ကြိမ်နှင့်ကိုရင့်တင်ပါးကို နှစ်ချက်ဆင့်ချ၏။

"...အား….ကြောက်ပါပြီဘုရား..."

"...နောက်တစ်ခါ လက်ဝှေ့ပွဲ သွားကြည့်ဦးမှာလား...ဖြန်း...."

"...ကြည့်ဦးမှာပါ ဘုရား...."

"...ဘာ...."

"...မကြည့်....မကြည့်တော့ပါဘူးဘုရား..."

ကိုရင်စ‌န္ဒော ကျောကော့နေအောင်အရိုက်ခံရပါသည်။ဘယ်ကိုရင်မှလည်း ဝင်မဆွဲရဲပေ။ကျောင်းက ကိုရင်တွေသာမက တစ်ရွာလုံးကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည့် ဆရာတော်မဟုတ်လား။

ကိုရင်စ‌န္ဒောအဖို့ အရိုက်ခံရတယ်ဆိုတာ ရိုးနေပါပြီ။ရွာဦးကျောင်းဆရာတော်လည်းဖြစ်သလို သူ့ရဲ့ဦးကြီးလည်းတော်သည့် ဆရာတော်ဦးခေမာ
ဟာ သူ့ကို ၇ နှစ်သားအရွယ် ကိုရင်ဘဝကတည်းက ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။ဆရာတော့်ကို ချစ်လည်းချစ်သလို ကြောက်လည်းကြောက်၏။

ဒါပေမဲ့ လက်ဝှေ့ပွဲဆိုလျှင် မကြည့်ရမနေနိုင်သည့်စိတ်ကြောင့် သွားကြည့်သည်။ကြည့်တိုင်းလည်း အရိုက်ခံရသည်။အရိုက်ခံရလည်း စန္ဒောဆိုသည့်သူက အမှတ်သည်း‌ခြေ
မရှိပေ။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now