Part 4

3.8K 121 3
                                    

Unicode

အပိုင်း - ၄

လူချောမောင်းတဲ့ဆိုင်ကယ်က ရွာ့အနောက်ပိုင်းကို ရောက်လာခဲ့သည်။ခြေမျက်စိသာသာလောက်နက်မည့် စမ်းချောင်းလေးကို ဖြတ်ကျော်ပြီး စမ်းချောင်းဘေးတစ်လျှောက် သဲဖုတ်တောထဲကနေ ဆိုင်ကယ်ကိုထိန်းမောင်းလိုက်၏။သူလိုတောသားအဖို့ သဲတောထဲ ဆိုင်ကယ်နစ်ဝင်မသွားအောင် မောင်းနိုင်ခြင်းက အဆန်းတော့မဟုတ်ပေ။

စံ့မှာလည်း မြင်မြင်သမျှ အံ့ဩနေသည်။ဘယ်နေရာက စစီးဆင်းမှန်းမသိသည့် စမ်းချောင်းလေးထဲက ရေတွေဟာ ကြည်လင်နေ၏။အောက်ခြေက ကျောက်စရစ်ခဲတွေကိုတောင် မြင်နေရသည်။

"ဦးလေးကြီး...စံ ချောင်းထဲဆင်းချင်လို့..."

"...ဟိုရောက်မှဆင်း..."

"...ဟိုမှာ ရေမရှိမှာစိုးလို့...."

"..ဗျောဗျောဂျောက်လေ.. ဟိုကရေပိုများတယ်..."

ဆိုင်ကယ်လေးက တဖြည်းဖြည်းနှင့်အုတ်ဂူဖြူဖြူတွေနား ရောက်လာသည်။

"..ဦး...ဦးလေးကြီး...သင်း..သင်္ချိုင်းကုန်းကြီး..."

"...ဟုတ်တယ်လေ..."

"...ကြောက်တယ်..."

"..မင်းကိုဘယ်သူမှ လာမကိုက်ဘူး..."

အရွယ်စုံ၊ ဆိုဒ်စုံမြင်နေရသည့် ဂူဖွေးဖွေးများကိုကြည့်ပြီး စံ သူ့ခါးကို ပိုပြီးတင်းနေအောင် ဖက်ထားမိသည်။

💮💮💮💮💮💮💮💮💮💮💮💮

ဟိုးမလှမ်းမကမ်းဆီမှ တဖျောဖျောနှင့် အသံတွေကို စတင်ကြားလာ၍ စံ သူ့အနောက်မှနေပြီး ရှေ့ကိုမျှော်ကြည့်သည်။လူချောနှာခေါင်းထဲ အနံ့မွှေးမွှေးတစ်ခုရသလိုခံစားမိ ပြီး မျက်နှာကိုနောက်လှည့်လိုက်ရာ-----

*ဟာ

"အမေ့..."

သူ့နှာခေါင်းက သူမနှုတ်ခမ်းနား တေ့သွားသည်။

"..အိုး...လဲ...လဲတော့မယ်..."

"..ရတယ် မလဲဘူး..."

သူ့စိတ်ထဲ တုန်လှုပ်သွားပြီး ဆိုင်ကယ်ကိုထိန်းနေတဲ့လက်က ယိုင်သွား၏။ဟန်မပျက်ပြောလိုက်ပေမဲ့ သူ့လက်တွေက တဆတ်ဆတ်တုန်နေသည်။ချာတိတ်မကတော့ ဘာမှတောင် မရိပ်မိ...။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now