Part 24

4.4K 109 6
                                    

Unicode

ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် တဲ့။

သိပ်မှန်တဲ့စကားပါပဲ။အစောပိုင်းတုန်းကတော့ စံလေးရဲ့ ခိုးရာလိုက်ပြေးတဲ့သတင်းနဲ့ ပြန်လည်ဖြေရှင်းတဲ့ သတင်းက ထရန်း (trend) ဖြစ်နေခဲ့သည်။အခုတော့လည်း အရာရာဟာ အရင်လိုပြန်ဖြစ်သွားခဲ့ပြီ။

စံ့ရဲ့သန်မာတဲ့စိတ်ဓာတ်ကို သူတကယ်ပဲလေးစားမိ၏။အင်တာဗျူးမှာ ဖြေသွားတာတွေအာလုံးဟာ အပိုအလိုမရှိ ထိမိလှသည်။

*တန်…….တန်…….တန်……..

“ဟဲလို……မောင်လူချောလား……အန်ကယ်ပါ…..”

“ဟုတ်ကဲ့အန်ကယ် ပြောပါခင်ဗျ……….”

“မောင်လူချော အချိန်ရရင် အန်ကယ့်ရဲ့ ဟိုတယ်ကို ခဏလောက် လာခဲ့ပါလားကွ……..အန်ကယ် စကားလေးနည်းနည်းပြောစရာရှိလို့……..”

“ဟုတ်ကဲ့အန်ကယ်…..ကျွန်တော် ညနေ ၆ နာရီတော့ အားပါတယ်………”

“ဟုတ်ပြီ…..အဲ့ဒီအချိန် အန်ကယ်စောင့်နေမယ်….”

အန်ကယ့်ဘက်က ဖုန်းချသွားသည်နှင့် လူချော စဉ်းစားခန်းဝင်သွားသည်။သူနဲ့အန်ကယ်ကြားမှာ အရေးကြီးကိစ္စပြောစရာဟူ၍ ဘာမှမရှိပေ။ဘာအကြောင်းနဲ့ စကားပြောချင်သည်ဆိုတာကို သူ တွေးမရအောင် ဖြစ်နေ၏။

💮💮💮💮💮💮💮💮💮💮💮💮

Easter ဟိုတယ်ထဲရောက်သည်နှင့် ဧည့်ကြိုလေးက သူ့ကိုအန်ကယ်စောင့်နေတဲ့ အခန်းဆီခေါ်သွားလေသည်။

“လာ မောင်လူချော ထိုင်ပါ….”

“ဟုတ်ကဲ့ အန်ကယ်…”

“မင်းအလုပ်ရောဘယ်လိုလဲ….”

“အဆင်ပြေပါတယ်အန်ကယ်….မာကတ်တင်းပိုင်းတော့ အားနည်းနေသေးတာပေါ့……အလုပ်ဝင်နေကြတဲ့ သူတွေအားလုံးလည်း အဆင်ပြေကြပါတယ်…….”

“အေးကွာ……ကြားရတာ ဝမ်းသာပါတယ်…….အန်ကယ် မင်းကိုခေါ်ရတာက စံစံ့အကြောင်းပါ………”

“ဟုတ်ကဲ့…..”

သူနည်းနည်းတော့ ရိပ်မိစပြုလာ၏။သူနဲ့စံလေးအကြောင်းကို အန်ကယ်တနည်းနည်းနဲ့ သိသွားတာပဲဖြစ်ရမည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now