Part 11

3.6K 126 10
                                    

Unicode

အပိုင်း - ၁၁

ပင်တိုင်စံဆိုသည့် နာမည်ဟစ်သံကြားလိုက်သည်နှင့် လက်ခုပ်သံတွေ ဝေါခနဲ ဆူညံသွားသည်။ သူ စတိတ်ချ်စင်၏ထောင့်နားမှာ ရပ်နေရင်း ကောင်မလေးကို မမှိတ်မသုန်စိုက်ကြည့်နေ၏။

သူမက မိုက်ကိုလှမ်းယူပြီး သူ့ဘက်ကိုမျက်လုံးလေးတစ်ချက် ဝေ့ကြည့်လိုက်သေးသည်။သီချင်းစတင်ဆိုပြီး
သိပ်မကြာခင်မှာပဲ သူမက ပရိတ်သတ်တွေနှင့် တသားတည်းဖြစ်လို့သွား၏။ပရိတ်သတ်များက သူမသီချင်းကိုလိုက်ဆိုနေကြသလို ပင်တိုင်စံကလည်း ခန္ဓာကိုယ်လေးကို လှုပ်ယမ်းလျက် စီးမျောနေသည်။စည်းချက်ညီညီကနေသည့် ကောင်မလေးကိုကြည့်ရင်း သူပါပျော်လာသည်။သူ့ကိုယ်သူ သတိမထားမိခင်မှာပဲ သူ့မျက်နှာက ပြုံးယောင်သမ်းလာ၏။

သီချင်းပြီးဆုံးကာနီး ရောက်လာချိန်တွင် ပရိတ်သတ်တွေက သူမ ရှိသည့်စင်နားကို တိုးသည်ထက်တိုးလာကြသည်။သူ မျက်စိကိုလျင်လျင်ထား၍ ဘာကိုမှအလွတ်မပေးဘဲ သေချာစောင့်ကြည့်နေ၏။

ရုတ်တရက် လူအုပ်ရှေ့မှ လက်တစ်ဖက် မြှောက်တက်လာပြီး အအေးဘူးတစ်ဘူး စင်ဘက်လွင့်တက်လာတာကို သူမြင်လိုက်သည်။

“ကောင်မလေး…”

* ဖောင်း…

တိုးသဲ့သဲ့ခေါ်သံအဆုံးမှာ သူ့ကျောပြင်ကို အအေးဘူးမှန်သည့်အသံက တပြိုင်နက်ထွက်လာသည်။

“ဟာ…..”

“ဟေ့…ဘယ်သူပစ်လိုက်တာလဲ….”

“မိုက်ရိုင်းလှချီ(ချည်)လားကွ….”

လူတွေရုတ်ရုတ်သဲသဲဖြစ်သွားပြီး အသံတွေလည်း ဆူညံပွက်လောရိုက်ကုန်သည်။ဆဲဆိုသံတွေရော အအေးဘူးပစ်သည့်လူကို ရှာတဲ့အသံတွေရောကြောင့် လူအုပ်ကြီးကထိန်းမရအောင် ဖြစ်နေ၏။

စံ့ကိုယ်လေး စိတ်လှုပ်ရှားမှုကြောင့် ရပ်တည်လို့မရနိုင်အောင် တုန်နေသည်။အအေးဘူးပျံတက်လာတာကို မြင်ပေမဲ့ ရှောင်ဖို့သတိမရဘဲ ကြောင်ငေးနေမိချိန်…ကိုကြီးက လစ်ခနဲ ရောက်လာပြီး စံ့ကိုဆွဲလှည့်၍ သူ့ခန္ဓာကိုယ်နှင့် ကာပေးထားသည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Dove le storie prendono vita. Scoprilo ora