Part 10

3.6K 112 4
                                    

Unicode

အပိုင်း - ၁၀

*တောက်

ကားပေါ်ကနေ လှန်းမြင်နေရသည့် ကြော်ငြာပိုစတာပေါ်က ပင်တိုင်စံ၏ပုံကိုကြည့်ပြီး ချောအိန္ဒြေ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်မိသည်။

“မေတ္တာရှင် မိဘမဲ့ဂေဟာအတွက် ရန်ပုံငွေရှာဖွေရေးပြုလုပ်မည့် ရှိုးပွဲ”
သူမ နောက်ထွက်မယ့် အခွေသစ်အတွက် ခြေလှမ်းအစဖြစ်၍
ဒီရှိုးပွဲမှာ ပါဝင်သီဆိုခွင့်ရဖို့ သူမအားခဲထားခဲ့သည်။မြန်မာပြည်ကလူတွေထုံးစံအရ အနုပညာရှင်တစ်ယောက် ပရဟိတလုပ်ပြလိုက်လျှင် သူတို့ဘာအမှားတွေပဲ လုပ်ထားထား အကောင်းမြင်ပေးနိုင်ကြတာမျိုးမဟုတ်လား။

အဲ့ဒါကြောင့် ဒီပွဲမှာဆိုခွင့်ရဖို့ သုတကိုလည်း ကပ်ထားသည်။ပေါင်းသင့်တဲ့လူကိုပေါင်း၍ ကျွေးသင့်တဲ့လူကို ကျွေးထားပေမဲ့ ကြောငြာပိုစတာသာ ထွက်လာခဲ့ပြီ။သူမနာမည် ဖိတ်ခေါ် ခြင်း မခံခဲ့ရပေ။

သုတကို ပင်တိုင်စံ့လက်ကနေ ဖြတ်လုနိုင်ခဲ့သော်လည်း ဒီတစ်ပွဲမှာ သူမနောက်ကောက်ကျကျန်ခဲ့ပြန်ပြီ။

'နင်နဲ့ငါမပြီးသေးဘူး...ငါသေတဲ့အထိ နင့်ကိုမရှုံးစေရဘူး…ပင်တိုင်စံ..'

ချောစိတ်ထဲ ပင်တိုင်စံ့ကိုနာကြည်းသည့်စိတ်တွေကြောင့် အမုန်းတွေက တဖွားဖွားဖြစ်ပေါ်နေသည်။ကျောင်းတော်က ရန်စပဲလေ..လွယ်လွယ်နဲ့ ဘယ်ပြေနိုင်ပါ့မလဲ….

💮💮💮💮💮💮💮💮💮💮💮

သူ နောက်ကြည့်မှန်ကနေ ကြည့်မိချိန်မှာ သူ့ကိုတစ်ချိန်လုံးစိုက်ကြည့်နေသည့် ကောင်မလေးနှင့် အကြည့်ချင်းဆုံသွား၏။

*ကျွတ်

စိတ်ရှုပ်ပြီး ပါးစပ်က တိုးတိုးလေးထွက်သွားသည်။သူကားမောင်းတိုင်း အမြဲလိုလို သူ့မှန်ကိုကြည့်နေတတ်တဲ့ကောင်မလေး……….

“မစံ…မစံ….”

နွယ်ရုံ မစံကိုတိုးတိုးလေး ခေါ်လိုက်၏။

“ဘာလဲ….”

“…ကိုလူချောက မစံကိုကြည့်နေတယ်….”

“…ငါသိသားပဲ….”

“…မစံတို့က ဘာလဲ….”

“..ဘာရမှာလဲ ….ကိုယ်ရံတော်နဲ့မင်းသမီးလေးပေါ့….”

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now