Part 5

3.7K 120 0
                                    

Unicode
အပိုင်း - ၅

"ဟယ်..ဒါက ဘယ်လိုဖြစ်လာကြတာလဲ..."

စံတို့ဆိုင်ကယ်လေး အိမ်ထဲဝင်လာသည်နှင့် မာမီ့ရဲ့စိုးရိမ်တကြီးအသံက စီခနဲထွက်လာ၏။

"..ဟဲ့..လူချော..ဗျောဗျောဂျောက်လေးပို့ခိုင်းတာကို ဘယ်လိုဖြစ်ကြတာတုံး..."

အမေကပါ သူ့ကိုမကြည်သလိုပြောလာတော့ လူချောဘာပြန်ပြောရမှန်း မသိပေ။နဂိုကတည်းကမှ စကားနည်းသူမို့ သူ့မှာဖြေရှင်းစရာ စကားလုံးကလည်းမရှိ။

"..ဆူစရာရှိတာနောက်မှဆူဟ။အရင်ဆုံး ကလေးကို လဲစရာအဝတ်လေးဘာလေး ပေးလိုက်အုံး(ဦး).."

"လာ..လာ.. သမီးလေး.."

အမေနှစ်ယောက်က ကောင်မလေးကို တစ်ဖက်တစ်ချက်စီတွဲ၍ အိမ်ခန်းထဲ ခေါ်သွားကြသည်။လူချောလည်း ဧည့်သည်တွေကိုအားနာ၍ ခေါင်းကြီးသာ ငုံ့နေသည်။

"..ဘယ်လိုဖြစ်ရတာလဲ ဆရာရယ်...."

ကောင်မလေး အဖေက စိတ်ရှုပ်သလို အသံနှင့်မေးလာ၏။

"..ကျွန်တော်တောင်းပန်ပါတယ်။သူ့ကို ရေနက်တဲ့နေရာမသွားဖို့ ကြိုတင်မပြောမိလိုက်တာ...."

"..အောက်ချောက်(ဂျောက်)ထဲ ကျတာလား..."

"..ဟုတ်.."

အဖေ ဦးညိုမောင်းကပါ ဝင်မေး၏။

"..အင်းတော်သေးတာပေါ့။ဘာမှကြီးကြီးမားမားမဖြစ်လို့..."

"..မိန်းမငယ်အင်္ကျီကလည်းမရှိ၊သူကလည်း ထဘီမဝတ်တတ်ဘူးဆိုတာနဲ့ လူချောအင်္ကျီပဲ ဝတ်ပေးလိုက်တယ်..."

အသံကြား၍ လှည့်ကြည့်ပြီးနောက်
သူ့မျက်နှာမဲ့ခနဲ ဖြစ်သွားသည်။

(အမေကတော့ လုပ်ချလိုက်ပြန်ပြီ)

ကောင်မလေးဝတ်ထားတာက သူအကြိုက်ဆုံး လိမ္မော်ရောင်စပို့ရှပ်လေး...သူ့မှာကြိုက်လွန်းလို့ ဗေဒင်ဟောခလေးတွေစုပြီးဝယ်ထားရတဲ့ တစ်ထည်တည်းသော အကောင်းလေး..
တစ်ခါသာဝတ်ရသေးပြီး နှမြောလွန်းလို့ သိမ်းထားရတဲ့ အင်္ကျီလေးကိုမှ ပေးရက်ပလေခြင်း...

"..အမေ့..."

"..လျှာမရှည်နဲ့..ငါသိတယ်။နင့်ပါးစပ်ကိုပိတ်ထား......"

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now