Unicode
အပိုင်း ၁၆
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံAuthor - ဆာရာမူး
အပိုင်း - ၁၆
*တန်….တန်….တန်…
နွယ်ရုံ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ ကျယ်လောင်စွာမြည်လာတဲ့ ဖုန်းသံကြောင့် နိုးလာသည်။
“ဟဲလို….”
“အမယ်လေး နွယ်ရုံ....အခုထိမထသေးဘူးလား…ငါနောက်ကျတော့မယ်ဟဲ့….”
“ဟင်…မစံ….”
ဖုန်းထဲကနေ မစံရဲ့အသံစူးစူးကို ကြားလိုက်မှ သူမမျက်လုံးတွေ ပြူးသွားပြီး ဖုန်းကနာရီကို ကမန်းကတန်းထောင်ကြည့်သည်။
‘သွားပြီ…သွားပြီ …၉ နာရီတောင် ထိုးတော့မှာပါ့လား’
“..လာပြီမစံရေ…လာပြီ….”
မစံကို တစ်ဆက်တည်းအော်ဖြေရင်း ရေချိုးကန်ဘက်ကို ဒရောသောပါး ပြေးထွက်ခဲ့သည်။ညက ကိုညီနဲ့ဖုန်းပြောရင်း အိပ်ပျော်သွားမိရာ နာရီအလန်း(alarm) ပေးဖို့ကို မေ့သွား၏။ကိုညီ့အကြောင်း စဉ်းစားမိတော့ သွားတိုက်နေရင်း အလိုလိုပြုံးမိပြန်သည်။အခုဆိုရင် ကိုညီသစ်ထူးနဲ့ နွယ်ရုံက ညစဉ်ညတိုင်း ဖုန်းပြောဖြစ်ကြသည်။သူ့စကားတွေက နွယ်ရုံ့ကို စိတ်ဝင်စားနေမှန်း ပေါ်လွင်နေ၏။ဒါပေမဲ့ အခုထိတော့ ဖွင့်မပြောသေးပေ။ကိုညီက မက်ဆင်ဂျာကနေ စာပို့တာကြာသလောက် ဖုန်းပြောရင် သူကပဲ ဦးဆောင်စကားပြောနိုင်သူ….
သူပြောတဲ့စကားတွေက နွယ်ရုံ့အတွက် အံ့ဩဖွယ်ရာများနှင့် အမြဲပြည့်နေသည်။
💮💮💮💮💮💮💮💮💮💮💮💮
နွယ်ရုံရောက်တော့ မစံက အဆင်သင့်ပြင်ပြီး၍ ကိုလူချောနဲ့အတူ ကားပေါ်တောင်ရောက်နေပြီ။
“မစံ….အဟီးးး”
သူမ ပြုံးဖြဲဖြဲလုပ်ပြီး မျက်နှာချိုသွေးလိုက်၏။
“ဟင်း..ညည်းနော်…ကောင်လေးရနေပြီထင်တယ်....နောက်မကျစဖူး ကျနေပြီ…”
မစံက စိတ်မဆိုးတဲ့မျက်စောင်းလေး ထိုးရင်း သူမကိုစ၏။ဒါတွေကြောင့်လည်းနွယ်ရုံ့မှာ မစံကိုချစ်နေရပါသည်။သူမအပေါ် ညီအမအရင်းလို ဆက်ဆံရုံသာမက သူမအမှားလုပ်တိုင်းလည်း ဘယ်သောအခါမှ အပြစ်မမြင်….
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."