Part 18

3.8K 131 18
                                    

Unicode

အပိုင်း ၁၈
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ

Author - ဆာရာမူး

ဒီတစ်ခေါက် မန္တလေးဆင်းမယ့်ခရီးက ကားနဲ့ဖြစ်သည်။ဒယ်ဒီက စံတို့ကို လေယာဉ်နဲ့ သွားစေချင်သည်။ဒါပေမဲ့ ကိုကြီးက စံတို့သွားမည့်ခရီးစဉ်ကို မီဒီယာတွေသိသွားပါက မလွတ်လပ်မည်စိုး၍ ကားနဲ့ပဲသွားဖို့ စီစဉ်လိုက်သည်။လမ်းမှာ နွယ်ရုံက သူတလှည့်မောင်းဖို့ပြောပေမဲ့ ကိုကြီးက စံတို့ကို အေးအေးသက်သာ လိုက်စေခဲ့ပါသည်။

မန္တလေးဝင်ကာနီး တံတားဦးအဝိုင်းနားအရောက်တွင်…

“အရင်တခါတည်းတဲ့ ဂရမ်းပတ်ခ် ဟိုတယ် (Grand Park Hotel) ကိုပို့ပေးရမှာလား…..”

“မဟုတ်ဘူးလေကိုကြီး……စံက ဒီတစ်ခေါက် ဟိုတယ်မှာမတည်းဘူး။ကိုကြီးအိမ်မှာတည်းမှာ……”

လူချော မျက်လုံးတွေ ပြူးသွား၏။

“ဟာ…မဖြစ်ဘူးလေ…..”

“ဘာလို့မဖြစ်ရမှာလဲ ကိုလူချောရဲ့…..နွယ်ရုံလည်း ပါတာပဲ…..ဟိုတယ်မှာတည်းဖို့ အစီအစဉ်ရှိမှဖြင့် အစကတည်းက လေယာဉ်နဲ့လာမှာပေါ့…..”

“အင်းလေ….ကိုကြီးကလည်း…..”

မချောနှစ်ယောက် အတိုင်အဖောက်ညီနေတော့ သူလည်းအကျပ်ရိုက်သွားသည်။သူတို့ပေးတဲ့အကြောင်းပြချက်ကလည်း ကျိုးကြောင်းဆီလျော်မှုရှိ၍ သူ မငြင်းသာတော့ပဲ ကားကိုအချက်ပြမီးဖွင့်ပြီး လမ်းဘေးထိုးရပ်လိုက်၏။

“အဲ့ဒါဆို ဖုန်းခဏဆင်းပြောဦးမယ်……ဟိုတယ်မှာတည်းမယ်ထင်လို့ ဘာမှမစီစဉ်ခိုင်းထားဘူး….”

သူမတို့ကိုပြောပြီးနောက် သူကားပေါ်မှဆင်းပြီး ညီထူးဆီဖုန်းဆက်လိုက်သည်။

“ဟဲလို….”

“Yes Boss…ဘယ်ရောက်နေပြီလဲ….”

“တံတားဦးအဝိုင်းမှာ…..ငါပြောမယ်…..ငါ့အခန်းကို သေချာသန့်ရှင်းရေးလုပ်ထား…..အပြင်မှာ ငါထားခဲ့တဲ့ပစ္စည်းတွေအကုန် ဗီဒိုထဲစုထည့်... သော့ခတ်…..စာရွက်တိုတစ်စကအစ မကျန်စေနဲ့….မွေ့ရာ၊စောင်၊ခြင်ထောင် အကုန်အသစ်ထုတ်….”

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now