Part 8

3.5K 115 6
                                    

Unicode

အပိုင်း - ၈

"ဘော့စ် ကောင်မလေးနဲ့ သိလား...."

"ဘာလုပ်ဖို့လဲ..."

"...သိချင်လို့ပါဗျ..."

"ဟုတ်တယ်ဘော့စ် ပြောပြပါဦး...ဘယ်လိုတွေ့ခဲ့ကြတာလဲ..."

ပင်တိုင်စံတို့ ပြန်သွားသည်နှင့် သူ့လူတွေအကုန် သူ့အနားဝိုင်းလာပြီး တစ်ယောက်တပေါက်နဲ့မေးကြသည်။

"..ကောင်မလေးက မက်စ်တပ်ထားတာတောင်မှ ကြည့်လို့ကောင်းနေတာ။တော်တော်လှမယ့်ပုံပဲ..."

"..ဟုတ်လားဘော့စ်...လှလား..."

"မသိဘူးကွာ..."

"ဟားဟားဟား...ဘော့စ်က ရှက်နေတာဟေ့..ကောင်မလေးနဲ့ ဇာတ်လမ်းရှိခဲ့ပုံပဲ..."

"..မင်းတို့ထပ်ပြောရင် ည ၁၀ နာရီထိအောက်မှာနေရမယ်..."

သူပြောလိုက်သည်နှင့် အသံတွေက တိခနဲဆို တိတ်ကျသွားသည်။အောက်မှာနေရမည်၏ အဓိပ္ပာယ်မှာ ‌လေ့ကျင့်ခန်းလုပ်ရမည်ဖြစ်သည်။အပေါ်ထပ်က‌သာ သူတို့၏ နားနေဆောင်ဖြစ်သည်။ပင်တိုင်စံက နာမည်ကြီးအဆိုတော်ဆိုတာသာ သူ့ကောင်တွေ သိများသိခဲ့လျှင် ဘယ်လိုများနေမည်မသိ...

💮💮💮💮💮💮💮💮💮💮💮💮

မန္တလေးမှ ရန်ကုန်ကိုမောင်းနှင်နေတဲ့ ကားလေးပေါ်တွင်...

"မစံ ခုနက ‌အကိုကြီးနဲ့ ဘယ်တုန်းက သိတာလဲ..."

"အဟင်း..."

"...ဟယ် ဘယ်လိုကြီးရယ်နေတာလဲ မစံ...."

"...အဲ့ဒါ အချစ်ကိုတွေ့လို့ရယ်တဲ့ပုံစံဟဲ့...မရတော့ဘူး...ငါတော့ ဦးလေးကြီးကိုအ‌သေကြွေနေပြီ....သမ္မာဒေဝနတ်ကောင်းနတ်မြတ်တွေကြောင့်
ငါငယ်ငယ်က Crush ကြီးကိုပြန်တွေ့ရပြီ....ဟိ...ဟိ..."

စံကတော့ လက်သီးလေးဆုပ်မျက်လုံးလေးမှိတ်၍ မျက်ခုံးမွှေးကြီးကို မြင်ယောင်လိုက်သေး၏။အဲ့ဒီမျက်ခုံးကြီးကို ကြွေခဲ့ရတာ မဟုတ်လား...

"..လိုက်လို့ကို မမီတော့ဘူး မစံရေ။ဝေစားမျှစားလေး လုပ်ပါဦး....."

"ဒီလိုဟ......"

စံလည်းနွယ်ရုံ့ကို ကုန်းသာရွာမှာ ဦးလေးကြီးနှင့်တွေ့ခဲ့သည့်အကြောင်းများကို ပြောပြလိုက်လေသည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now