Part 6

3.8K 115 4
                                    

Unicode

အပိုင်း - ၆

Breaking News

ရုပ်ရှင်နှင့်မော်ဒယ်သရုပ်ဆောင် ပိုင်သုတ‌အောင်နှင့် နိုင်ငံကျော်အဆိုတော် ပင်တိုင်စံတို့ လမ်းခွဲပြတ်စဲခြင်း

Social Media ပေါ်မှာ စံတို့လမ်းခွဲသည့်သတင်းက လက်တလောရှာဖွေမှုအများဆုံးသတင်းဖြစ်နေသည်။မီဒီယာအားလုံးကိုခေါ်၍ စံကိုယ်တိုင် လမ်းခွဲကြောင်းသတင်း တင်ခဲ့ခြင်းဖြစ်သည်။

"ဘာတွေဖြစ်ကုန်တာလဲ စံစံ...ဒီကိစ္စကို ဒယ်ဒီတို့လည်း မသိလိုက်ရပါလား။မီဒီယာပေါ်တက်လာမှပဲ မြင်တော့တယ်..."

စံကတော့ ညစာအစားမပြတ်ပေ။တိတ်တဆိတ်ပဲ ထမင်းကိုငုံ့စားနေ၏။

"...စံစံ ဒယ်ဒီမေးတာဖြေလေ..."

"...ဟုတ်တယ်.... သုတနဲ့စံ လမ်းခွဲလိုက်ပြီ။သူဖောက်ပြန်လို့..."

"..သူဖောက်ပြန်တဲ့အကြောင်း သမီး..ဒယ်ဒီ့ကို ဘာလို့မပြောတာလဲ...."

"...သတင်းတက်လာတယ်ဒယ်ဒီ။ဒါပေမဲ့ လူတွေက ကောလဟာလလို့ပဲထင်ကြတယ်။စံကိုယ်တိုင် သူ့အိမ်ကိုလိုက်သွားမှ သေချာသွားတာ။စံ့ကိုယုံပါ ဒယ်ဒီ။စံ ကိုင်တွယ်နိုင်တယ်...."

* ဟင်းးးး

ဒယ်ဒီက သက်ပြင်းတစ််ချက်ချ၍ ခေါင်းတယမ်းယမ်းနှင့် ထထွက်သွား၏။

"...သမီးရယ်...သမီးတို့တွဲတုန်းကလည်း သတင်းတက်လာမှ သိရတယ်။လမ်းခွဲတော့လည်း သတင်းတက်လာမှ သိရတယ်။သမီးကို လွတ်လပ်ခွင့်လည်း အပြည့်ပေးထားပြီးသားပဲ။မာမီတို့ကို အကျိုးအကြောင်းလေးတော့ ပြောမှပေါ့။တက္ကသိုလ်တုန်းကလိုအဖြစ်မျိုး..."

"No...မာမီ...အဲ့ဒီလိုမျိုး လုံးဝဖြစ်မလာစေရဘူး။စံ အာမခံတယ်...."

မာမီ့စကားမဆုံးခင် စံအေးစက်စက်နှင့်ဖြတ်ပြော၏။

"...အခုရော သမီးစိတ်အခြေအနေအဆင်ပြေရဲ့လား..."

"...ဘာမပြေစရာရှိလို့လဲ မာမီ...အစကတည်းက ချစ်လို့တွဲခဲ့တာမှ မဟုတ်တာ...ပရိတ်သတ်တွေ Ship ရင်းကနေ နှစ်ဦးသဘောတူ စာချုပ်ချုပ်ပြီး တွဲခဲ့ကြတာပဲ...သူနဲ့ သမီးကြားမှာ မိတ်ဆွေအကန့်ထက်ပိုတာ ဘာမှမရှိခဲ့ဘူး။အဲ့ဒါကြောင့်လည်း ဒင်းက‌ဒီအချိုးချိုးတာ..."

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now