Part 28

5.6K 123 9
                                    

Unicode

အပိုင်း ၂၈
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ

Author - ဆာရာမူး

အပိုင်း - ၂၈

ကိုကြီးနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တာက ဗန်းမော်မှာဖြစ်သည်။အဲ့ဒီနောက်မှာတော့ စံ့ဘက်က ဖုန်းတွေတောက်လျှောက်ဆက်ခဲ့ပေမဲ့ ပြန်မ‌ရောက်သေးဘူး၊ မအားဘူးဆိုတဲ့ အကြောင်းပြချက်များဖြင့် ဖုန်းချသွားသည်။လက်ထပ်ပွဲရက်ကလည်း တဖြည်းဖြည်းနဲ့နီးလာပြီ။သတို့သားဘက်က အခုချိန်ထိ အဆက်အသွယ် မလုပ်မှတော့ ဒယ်ဒီတို့ကလည်း မေးလှပြီ.......ကိုကြီးအိမ်လိုက်သွားတော့လည်း အရိပ်အယောင်တောင်မမြင်ရဘဲ တံခါးတွေသာ ပိတ်ထားသည်။စံ ဘာဆက်လုပ်ရမှန်းမသိဘဲ လမ်းပျောက်နေ၏။

*တင်....တင်....တင်....

"ဟဲလို..."

"ဟဲလို....မစံ....."

"နွယ်ရုံရယ်....ဘယ်တွေရောက်နေတာလဲဟင်....ငါ့ဆီအခုမှပဲ ဖုန်းဆက်တော့တယ်....ညီသစ်ထူးနဲ့ဆိုလည်း ငါတို့ကလူကြီးအရာထားပြီး မင်္ဂလာပွဲလုပ်ပေးပါတယ်အေ....."

စံ့မှာ နွယ်ရုံ့အသံကြားလိုက်သည်နှင့် ကိုယ့်အပူကိုယ်မေ့ပြီး စကားတွေတရစပ် ပြောတော့၏။

"မစံနေကောင်းလား....အဆင်ရောပြေရဲ့လား....."

"ဒီလိုပါပဲ.....ဒါနဲ့ နင်ကဘာကိစ္စ အခုလိုလုပ်သွားရတာလဲ..."

အမြဲတမ်း တိုင်ပင်ရင်းနှီးနေကျ နွယ်ရုံက 'ညီထူးနောက်ကိုလိုက်သွားပြီ' ဆိုတဲ့စာလေးတစ်စောင်သာထားခဲ့ပြီး အစအနပျောက်သွားခဲ့တော့ စံ့မှာတစ်ပူပေါ်နှစ်ပူဆင့်ရသည်။

"မစံကို ကိုလူချောက မပြောဘူးလား....ကိုညီကအလုပ်ထွက်ပြီး ဇာတိပြန်သွားတာ.......နွယ့်ကိုလည်းတစ်ခါတည်း လမ်းခွဲစကားပြောပြီး နှုတ်ဆက်သွားလို့ နွယ့်အပေါ် သစ္စာဖောက်တယ်ထင်ပြီး လိုက်ချသွားတာ မစံ....."

ဪ...ကိုကြီးက ငါ့ကိုဒါတွေဘာမှမပြောပါ့လား...အင်းလေ....ဖုန်းတောင်မဆက်မှတော့ ငါဘာမှမသိတာ မဆန်းပါဘူး...

"မစံ....."

"ဟေ...ဟင်....ပြောလေ...."

"မစံမင်္ဂလာပွဲကို နွယ်ပြန်မလာနိုင်လောက်ဘူးထင်တယ်....ကိုညီက အခုမှနလန်ပြန်ထူတာ မစံ....."

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now