Part 12

3.5K 120 10
                                    

Unicode

အပိုင်း - ၁၂

လူပေါင်းများစွာကြားမှ  လေးနွယ်ရုံမနည်းကိုတိုးထွက်ခဲ့သည်။ဘေးကနေ ညီသစ်ထူးတို့အဖွဲ့မှ ဝိုင်းရံကာကွယ်ထားပေမဲ့ လူတွေ၏အနံ့ပေါင်းစုံ၊  အော်ဟစ်မေးမြန်းနေကြသည့် အသံပေါင်းစုံကြောင့် ခေါင်းတွေမူးနောက်လာ၏။

ကားပေါ်ရောက်မှ စိတ်အေးသွားပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။နာမည်ကြီးဆယ်လီရဲ့ လက်ထောက်လုပ်ရတာလည်း မလွယ်ပေ။အခုလိုမျိုး အနစ်နာခံရသည့် အချိန်တွေလည်း ရှိနိုင်သည်။

'ဘယ်တတ်နိုင်ပါ့မလဲလေ သူ့ဆန်စားမှတော့ရဲရမှာပေါ့....'

💮💮💮💮💮💮💮💮💮💮💮💮

ညီသစ်ထူး ကားပေါ်ရောက်တာနှင့် ချက်ချင်းမောင်းထွက်ခဲ့ပြီး မန္တ‌လာသီရိ အားကစားကွင်းအပြင်ဘက် တစ်နေရာမှာ ကားကိုထိုးရပ်လိုက်သည်။

“မလေးနွယ်ရုံ လက်နာသွားတာလား….”

လက်ကောက်ဝတ်လေးကို ဖိဆုပ်ပြီးနှိပ်နေတဲ့ မိန်းကလေးကို သူမေးလိုက်၏။

“နည်းနည်းပါ ကိုညီသစ်ထူး….”

“…ကျွန်တော်တောင်းပန်ပါတယ်…မလေးနွယ်ရုံ ကျန်ခဲ့မှာစိုးတာနဲ့ လက်ကိုဖိဆွဲထားမိတာ…..”

“…ရပါတယ် ကိုညီသစ်ထူး..ဘာမှမဖြစ်ပါဘူး…ဒါနဲ့ တခြားသူတွေရော….”

“…သူတို့မှာ ကားပါတယ်…ယောကျ်ားလေးတွေ အများကြီးနဲ့ဆို မလေးနွယ်ရုံ မနေတတ်မှာစိုးလို့…..”

“ဪ…ဟုတ်ကဲ့….”

“ခဏနော်….”

ညီသစ်ထူး သူမကိုပြောပြီး ကားနောက်ခန်းထဲက သူ့ကျောပိုးအိတ်ကို လှမ်းယူသည်။ပစ္စည်းတစ်ခုကို ထုတ်ပြီးနောက်…..

“ရော့…ဒါလေးလိမ်းထားလိုက် ခဏတော့ နာတာသက်သာလိမ့်မယ်….”

သူပေးတဲ့ ဒဏ်ကြေဆေးဘူးကို ယူလိုက်ပြီး နွယ်ရုံနည်းနည်းတော့ ကျေနပ်သွား၏။ဘာပဲပြောပြော သူလည်း စာနာစိတ်တော့ရှိသားပဲ…

ညီသစ်ထူး သူမကို ပင်တိုင်စံ၏ လက်ထောက်မှန်းသိပေမဲ့ အခုမှထိပ်တိုက်စကားပြောဖူးခြင်း ဖြစ်သည်။ဆံပင်တိုတို ကိုယ်ဟန်သွယ်သွယ်နှင့် ဒီကောင်မလေးက သွက်သွက်လက်လက်ရှိတာမို့ သူသတိတော့ထားမိခဲ့၏။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now