Part 2

5.7K 132 2
                                    

Unicode

အပိုင်း - ၂

အိပ်ရာနိုးနေတာတောင် မထသေးဘဲခုတင်ပေါ်မှာဖုန်းသုံးရင်း အပျင်းတစ်နေသော စံစံ...

"ဒေါက်...ဒေါက်....စံစံ...မာမီဝင်ခဲ့မယ်နော်...."

"...ဟုတ်...."

"သမီး မနက်ဖြန်အတွက် အဆင်သင့်ပြင်ထားတော့...."

စံ့မျက်နှာ ရှုံ့တွသွားပြီး

"....ဟာ မာမီကလည်း မလိုက်ချင်ပါဘူးဆိုမှ..ရွာမှာ ဖုံတလုံးလုံးနဲ့....."

"....ဟဲ့ ကုသိုလ်ကောင်းမှု သွားလုပ်တာမလိုက်လို့မရဘူး....."

"....မာ....မီ......."

စံ နှုတ်ခမ်းကို တစ်တောင်လောက်ထော်ပြီး ဆန့်ကျင်ဖို့ လုပ်နေစဉ်….

"ဘာ‌တွေဖြစ်နေကြတာလဲ"

"ဒယ်ဒီ"

နောက်မှာ ဒယ်ဒီလိုက်လာမှန်း စံမသိပေ။

"ဒီမှာလေ ကို့သမီးက ကထိန်ခင်းတဲ့ကျောင်းကို မလိုက်ဘူးလုပ်နေတာ...."

"....ကလေးကစားနေတာမဟုတ်ဘူး စံစံ လိုက်ရမယ်...."

"...ဟုတ်...."

ဒယ်ဒီ့ကိုတော့ စံအတွန့်မတက်ရဲပါ။ဒယ်ဒီက စံ့ကိုအလိုလိုက်သင့်တဲ့နေရာ လိုက်ပေမဲ့ ဒယ်ဒီဆုံးဖြတ်ပြီးသားကိစ္စကိုတော့ လွန်ဆန်လို့မရပေ။

💮💮💮💮💮💮💮💮💮💮💮💮

ညှပ်မကြီးပဒေသာပင်သီးထားသည့် ကားက ရှေ့ဆုံးမှထွက်၍ စံတို့မိသားစုစီးတဲ့ကားက နောက်မှလိုက်သည်။စံတို့နောက်မှာတော့ ဒယ်ဒီက သူ့ရဲ့ဝန်ထမ်းတွေအတွက် express ကားကြီးစီစဉ်ပေးထားပြီး နောက်ကမှ အိမ်ကအလုပ်သမားတွေနှင့် ဘုန်းကြီးကျောင်းရောက်မှ ထပ်သီးရမယ့် ပဒေသာပင်တွေနဲ့ လှူဖွယ်ဝတ္တုတွေတင်လာသည့်ကား ပါလာသည်။

ဒယ်ဒီက ဟိုတယ်နှင့်တိုးဂိုက် ( hotel and Tourism) လုပ်ငန်းထောင်ထားပြီး စံကတော့ အခုမှဆယ်တန်းအောင်ထားပြီးစ သူဌေးသမီးလေးဖြစ်သည်။
တစ်နှစ်တစ်ခါ တန်ဆောင်မုန်းလရောက်တိုင်း စံတို့မိသားစုက တစ်ဦးတည်း ကထိန်ခင်းပါသည်။ဒီနှစ်တော့ မြင်းခြံခရိုင်အတွင်းမှာရှိသည့် ကုန်းသာရွာဘုန်းကြီးကျောင်းမှာ ကထိန်ခင်းကြမည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now