Part 19

4K 116 8
                                    

Unicode

အပိုင်း ၁၉
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ

Author - ဆာရာမူး

အပိုင်း ၁၉

စံ အိပ်ရာမှနိုးလာလာတော့ မှန်ရှေ့မှာ အလှထိုင်ပြင်နေတဲ့နွယ်ရုံ့ကို တွေ့ရသည်။

“နွယ်ရုံ နိုးနေတာကြာပြီလား…..”

“မကြာသေးဘူး မစံ….နိုးတာနဲ့ ရေတန်းချိုးလိုက်တာ……ဒါနဲ့..မစံ…..”

“အင်း…”

“မနေ့ညကလေ……”

နွယ်ရုံ ဆက်မပြောသေးဘဲ မစံမျက်နှာကို အကဲခတ်၏။

“ပြောလေ…..”

“မနေ့ညက နွယ်ရုံ ကိုညီနဲ့သွားတွေ့ခဲ့တယ်…..”

“ငါသိသားပဲ….”

“ဟယ်…မစံသိတယ်….ဘယ်လိုသိတာလဲ…..”

“မနေ့ညက ငါထမင်းစားခန်းထဲမှာရှိတယ်…နင်တို့ကို ချောင်းနေတာ…..”

“အယ်…..အဟုတ်ကြီးပေါ့မစံ…..ခစ်…ခစ်….ရှက်လိုက်တာ……”

နွယ်ရုံက ခန္ဓာကိုယ်ကို လှုပ်ယမ်းပြီး ရှက်ဟန်လုပ်ပြ၏။

“မစံ ကိုလူချောကိုသွားမပြောနဲ့နော်…..ကိုညီ့ကို ဆူမှာစိုးလို့…….”

“သူလည်းသိတယ်………ငါနဲ့အတူတူချောင်းတာပဲကို……..”

“အိုး….မိုင်….ဂေါ့….ကိုညီတော့ အဆူခံရတော့မှာပဲ…..”

“ညည်းကတော့ သာယာနေတာပေါ့အေ….ငါ့မှာသာ………”

စံပြောရင်း ဆောင့်ကြီးအောင့်ကြီးနဲ့ထရပ်သည်။သူမမှာတော့ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်မျှော်လိုက်ရတာ….သူကတော့ ဘယ်လိုနမ်းရမှာလဲတဲ့….

စံတွေးရင်းနဲ့ ဒေါသတွေက အသစ်ပြန်ဖြစ်လာသည်။

“မစံနဲ့ကိုလူချော ဘာဖြစ်ကြသေးလဲ……”

“မပြောချင်ပါဘူးဟာ…….. ငါ ရေသွားချိုးလိုက်ဦးမယ်….”

💮💮💮💮💮💮💮💮💮💮💮💮

စံရေချိုးပြီး ပြန်ထွက်လာတော့ နွယ်ရုံက တစခန်းထလာပြန်သည်။

“မစံ………ကိုညီကလေ တကယ်နမ်းတတ်တာသိလား…….နွယ်ရုံဆို ရင်တွေခုန်လွန်းလို့ မူးမေ့လဲမတတ်ဘဲ………”

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now