Unicode
အပိုင်း ၂၀
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံAuthor - ဆာရာမူး
မိန်းမောဖွယ်ကောင်းတဲ့ အနမ်းတွေအောက်မှာ စံလွင့်မျောနေရင်း ကိုကြီးရဲ့ပူနွေးနေတဲ့နှုတ်ခမ်းတွေကို သတိထားမိလာသည်။အနမ်းတွေကို ရပ်တန့်စေဖို့ ကိုကြီးရင်ဘတ်ကို လက်သီးဆုပ်လေးနဲ့ထုလိုက်၏။
“အင့်…..ကိုကြီး……”
“ဟင်….အင်…..ပြွတ်…….”
“လွှတ်ပါဦးကိုကြီးရဲ့………”
“ဘာလဲကွာ……..”
ကိုကြီးက လွှတ်မပေးတဲ့အပြင် စိတ်မရှည်သလိုနဲ့ သူမခေါင်းလေးကိုဖိကိုင်ထားသေး၏။
“ကဲ…….လွှတ်ဦးလို့……..”
စံနည်းနည်းလေးဆောင့်ရုန်းမှ လွှတ်ပေးလေသည်။
“ဘာလို့လဲ…..စံလေး……….ကိုယ်နမ်းတာ မတော်လို့လားဟင်……”
“မဟုတ်ဘူး…….ရှင်ဖျားနေပြီ……..”
“ဖျားတာပဲ သေတာမှမဟုတ်တာ……လာ ပြန်နမ်းမယ်…..”
“ကိုကြီးနော်……ဘာဖြစ်နေတာလဲ………”
အခုမှခက်ချေပြီ။ကိုကြီးက သူဖျားတာကိုတောင် ဂရုမစိုက်ဘဲ ထပ်နမ်းဖို့ကိုသာ အားထုတ်နေ၏။မျက်နှာကြီးက တဝဲဝဲလုပ်နေသည်။စံ သူမကိုယ်ပေါ်မှာ ကိုကြီးခြုံပေးထားတဲ့ ဂျာကင်ကိုချွတ်လိုက်ပြီး....
“ရော့……ပြန်ဝတ်…….”
“ဘာလို့လဲ….ကိုယ်မအေးဘူး……စံလေးခြုံထား…..”
“ဘာမအေးဘူးလဲ……..ဒီမှာလက်တွေတောင် တုန်နေတဲ့ဟာကို……”
ကိုကြီးလက်တွေကို နွေးနေအောင် သူမလက်သေးသေးလေးနဲ့ ဖိဆုပ်ပေးထား၏။
“ပြန်ရအောင် ပိုဆိုးလာလိမ့်မယ်…………ရော့ဝတ်လိုက်…..”
“ကိုယ်ထပ်နမ်းချင်သေးလို့……..”
“အမလေး အခုမှအဖြစ်သည်းမနေနဲ့ ဝတ်ဆိုဝတ်…….”
“ရတယ်….ကလေးဝတ်ထား….ကိုယ်ဒဏ်ခံနိုင်တယ်……..”
“ဝတ်မှာလား……မဝတ်ဘူးလား……..တစ်ခွန်းပဲဖြေ……”
“ဝတ်ပါ့မယ်ကွာ………”
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
幻想"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."