Unicode
အပိုင်း ၁၇
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံAuthor - ဆာရာမူး
အပိုင်း - ၁၇
ကောင်မလေးတို့ ဇာတ်လမ်းတိုရိုက်ပြီးသည်နှင့် ပြန်ဖို့ပြင်ဆင်ကြပြီ။ရိုက်ကွင်းပြီးသည့်နောက်မှာ လူတွေက တစ်စထက်တစ်စ ပိုပိုများလာ၏။
လာကြည့်ကြသူများထဲမှ ပင်တိုင်စံနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်ရဖို့ စောင့်နေကြသူများလည်း ရှိသည်။သူ မျက်စိကိုလျင်လျင်ထား၍ ကြည့်နေရသည်။သာမန်ရိုးရိုးသားသား ဓာတ်ပုံရိုက်ချင်သူများက အကြောင်းမဆန်းပေမဲ့ မမြင်နိုင်တဲ့ အန္တရာယ်ဆိုတာရှိနေနိုင်တဲ့အတွက် သူတစ်စက္ကန့်လေးမှ သတိလစ်လို့မဖြစ်ပေ။လူတစ်ယောက် ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်း၍ ပုလင်းလိုလို ဘူးလိုလို
ကိုင်လာတာကို မြင်လိုက်တာနှင့် သူစံ့အနားကို အပြေးလှမ်းသွား၏။သူ့မျက်စိထဲ ထိုလူက သူ့လက်ထဲကိုင်ထားတဲ့ ပုလင်းအဖုံးဖွင့်တာကို ရိပ်ခနဲမြင်လိုက်ပြီး …“အို့…အမေ့….”
“မလေးနွယ်ရုံ ရှောင်လိုက်…..”
လေးနွယ်ရုံကိုလှမ်းအော်ရင်းနဲ့ စံ့ကိုပါ လက်တစ်ဖက်ကဆွဲဖက်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်သည်။အချိန်က စက္ကန့်ပိုင်းအတွင်းဆိုပေမဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ထိုအရာကိုပက်သူက စံ့ကိုဦးတည်တိုက်ခိုက်လာပေမဲ့ သူဆွဲဖက်တော့ စံ့ကိုမထိခိုက်ပေ။နွယ်ရုံက အလျင်အမြန်ရှောင်လိုက်သော်လည်း ထင်မထားမိတဲ့အခိုက်အတန့်မို့ ဖင်ထိုင်လျက် လဲကျသွားသည်။အစက်တွေက လက်ကိုအနည်းငယ်စင်သွား၏။
“စံလေး…ဘာမှမဖြစ်ဘူးမှတ်လား… ကိုယ့်ကို ဒီမှာခဏစောင့်….”
ထိုလူက ခြေလှမ်းသွက်သွက်များဖြင့် အပြင်ထွက်သွားတာမို့ သူပြေးလိုက်ဖို့ ပြင်သည်။
“အား……ပူတယ်…မစံ..နွယ်ရုံ့လက် ပူတယ်….”
*ဟင်….
ခုနလူနောက်ကိုလိုက်တော့မည့် လူချောခြေလှမ်းတွေ ရပ်သွားသည်။သူ လေးနွယ်ရုံရဲ့လက်ကို ယူကြည့်တော့ချက်ချင်းကို နီရဲတက်လာပြီး အပူလောင်ဒဏ်ရာဖြစ်နေပြီ။
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."