Part 9

3.5K 118 6
                                    

Unicode

အပိုင်း - ၉

"ကဲ မောင်လူချော...လာကွာ ထိုင်...."
ဦးဇေယျာမင်းညွှန်ပြသည့် ဆိုဖာမှာသူဝင်ထိုင်သည်။ဒေါ်မာလာဦးကလည်း သူ့ကိုခရီးဦးကြိုပြု၏။ကောင်မလေးက သူ့ကိုပြုံး‌ပြီးသာ ကြည့်နေပြီး ဘာစကားမှတော့ မဆို။ကောင်မလေး၏ ဂါဝန်က ပန်းရောင်လေးမှန်း သူသတိထားမိသည်။ဒီကောင်မလေး ပန်းရောင်ကိုတော်တော်ကြိုက်ပုံရ၏။

"..အန်ကယ်တို့ ဖုန်းနဲ့ပြောဆိုထားပြီးသားဆိုတော့ ကျန်တာတော့ သိပ်အထွေးအထူးမရှိပါဘူး။အဓိကက မောင်လူချောဘယ်မှာနေဖို့ စဉ်းစားထားလဲ...."

"ဦးလေးကြီးက ဒီမှာပဲနေရမှာလေ..."

သူဝင်လာကတည်းက တစ်ချိန်လုံးနှုတ်ဆိတ်နေသည့် ကောင်မလေးဆီမှ အသံထွက်လာသည်။

"ကျွန်တော်တို့အလုပ်က ကိုယ်ရံတော်ဖြစ်တဲ့အတွက် ကိုယ်ကာကွယ်ပေးရမယ့်သူနဲ့ အနီးစပ်ဆုံး‌နေတာကောင်းပါတယ်။ဒါပေမဲ့ တမိုးအောက်မှာတော့ မနေရပါဘူးဗျ။ဒါက ကျွန်တော်ချမှတ်ထားတဲ့ စည်းကမ်းပါ။အဲ့ဒါကြောင့် ဒီနားတဝိုက်မှာပဲ ကျွန်တော်နေဖို့ အိမ်ရှာပါ့မယ်..."

စံကတော့ ဦးလေးကြီး စကားတွေအများကြီးပြောတာ ဒါပထမဆုံးကြားဖူးတာမို့ မေးလေးထောက်ပြီး နားထောင်နေသည်။သူ့အသံ၊ သူ့ဟန်ပန်က တော်တော့်ကို ဆွဲဆောင်မှုရှိ‌လွန်းလှသည်။ဩရှရှအသံအောက်က စကားလုံးတွေဟာ အပိုအလိုမရှိ တိကျပြတ်သား၏။

"ဒီလိုလုပ်ပါ့လား မောင်လူချောရယ်။ဒီအိမ်ကြီးပေါ်မှာ မနေချင်ရင်တောင် အနောက်ဖက်မှာ တိုက်သေးသေးလေးတစ်လုံး ရှိပါသေးတယ်။မောင်လူချော
တစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့။အပြင်မှာတော့ ငှားမနေပါနဲ့ကွယ်။မသိတဲ့သူစိမ်းတွေမှ မဟုတ်တာ....."

"..ဟုတ်တယ်...စံက ညဘက်ရှိုးတွေရှိရင် အိမ်ပြန်နောက်ကျတယ်။အဲ့ဒီအခါ ဦးလေးကြီးပြန်ရတာ မိုးချုပ်မှာ...ဒီမှာပဲနေလိုက်...."

မာမီ့ရဲ့စကားကို စံကပါ ဝင်ထောက်ပေးသည်။

ဒီအစီအစဉ်ကလည်း အဆင်ပြေသည်မို့ သူသဘောတူလိုက်သည်။သူတို့လုပ်ငန်းက ပထမစစငှားခြင်းအတွက် တစ်နှစ်သတ်မှတ်သည်။စာချုပ်သက်တမ်းပြည့်ပါက နောက်ထပ်နှစ်တိုးငှားရမ်းနိုင်၏။ထို့ကြောင့်
ပင်တိုင်စံနှင့်သူလည်း တစ်နှစ်တိတိ ပတ်သက်ရပေဦးမည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now