Unicode
အပိုင်း - ၁၄
*ဒေါက်….ဒေါက်
တံခါးခေါက်သံကြားမှ ချောတစ်ယောက် အတိတ်ကအတွေးတွေထဲ မျောနေမိတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိလာသည်။
“သုတ…..”
“ချော မင်း ဘာတွေ ဖြစ်နေတာလဲ……”
“…ဘာဖြစ်ရမှာလဲ သုတ…. ရှင်လုပ်ထားတဲ့ကိစ္စ ရှင်သိမှာပေါ့….”
“ရှင်းရှင်းပြောကွာ…ရှုတင်မှာပင်ပန်းလာရတဲ့အထဲ ငါ့ကိုလာကျပ်မနေနဲ့…..”
သုတက စိတ်ရှုပ်စွာပြောရင်း ဆိုဖာမှာ ဝင်ထိုင်သည်။
“..ရှင်..ရန်ပုံငွေရှိုးပွဲမှာ ကျွန်မကိုဆိုခွင့်ရအောင် ကူညီပေးမယ်ဆိုပြီး ဘာတစ်ခုမှ လုပ်မပေးခဲ့ဘူး….”
“..ငါလည်း ငါတတ်နိုင်သလောက်လုပ်ပေးခဲ့တာပဲ။မင်းကိုက စံ့ကိုမကျော်နိုင်တာတော့ ငါလည်းမတတ်နိုင်ဘူး….”
“..ရှင် ဘာစကားပြောတာလဲသုတ…”
သုတစကားက ချောကို ဆတ်ဆတ်ခါနာသွားစေသည်။
“…ကြားတဲ့အတိုင်းပဲ….”
“..ချောက ရှင့်ချစ်သူနော်….”
“အေး…အဲ့ဒါကြောင့်လည်း ငါဒုက္ခရောက်နေတာပေါ့….”
“ဘာ….”
“ကျွတ်…မင်းပြောစရာမရှိရင် ငါပြန်တော့မယ်….”
သူမဒေါသဖြစ်လွန်းလို့ သုတကို ဘာစကားမှ မချေပနိုင်ဘဲ ကြောင်အပြီး ကျန်နေခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮
ရန်ကုန်ကို ပြန်ရောက်ခဲ့ကတည်းက စံအပြင်မထွက်ဖြစ်တာ တစ်ပတ်ရှိပြီ။ထွက်စရာအကြောင်းလည်း မရှိ။စံအလုပ်မရှိတော့ ကိုကြီးမျက်နှာကိုမပြောနှင့် အရိပ်တောင်မမြင်ရ။ကိုကြီးကရှောင်လေ စံကတွေ့ချင်လေဖြစ်သည်။သူ့ကိုတွေ့နိုင်ဖို့ စံ ဉာဏ်နီ ဉာဏ်နက်တွေ သုံးမှရတော့မည်။
“ထူးထူး ကိုလူချောကို ဒယ်ဒီကစကားပြောစရာရှိလို့တဲ့…အဲ့ဒါသွားပြောပေးပါ့လား…”
“ဟုတ်ကဲ့ စံလေး…ထူးထူး သွားပြောလိုက်မယ်…..”
အိမ်ကအလုပ်သမားတစ်ယောက်ကို မှာပြီးသည်နှင့် စံ အိမ့်အနောက်ဘက် ကွယ်ရာအရပ်ကို ပြေးထွက်ခဲ့သည်။ကိုကြီးအိမ်လေးနားတွင် သစ်ပင်ကြီးရှိ၍ ထိုသစ်ပင်အကွယ်မှာ စံပုန်းနေ၏။ထူးထူး ကိုကြီးအိမ်လေးဆီရောက်လာပြီး သိပ်မကြာခင် ကိုကြီး စံတို့အိမ်ဘက်ဆီ ထွက်သွားတာမြင်လိုက်သည်။
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."