Part 13

3.4K 94 0
                                    

Unicode

အပိုင်း - ၁၃

စံတို့ ရန်ကုန်ကိုပြန်ဖို့ လေယာဉ်ပေါ် ရောက်နေကြသည်။မနေ့ညက ရှိုးပွဲတွင် စံ့ကိုအအေးဘူးနှင့်ပေါက်သည့်ကိစ္စမှာ fb ပေါ်ချက်ချင်းပဲ ပျံ့နှံ့သွားသည်။ဒယ်ဒီကလည်းစိတ်ပူပြီး ဖုန်းတွေတဂွမ်ဂွမ်ဆက်လှပြီ။

“မစံ အန်ကယ်က ဘာပြောသေးလဲ….”

“မနေ့ညက ကိစ္စကို စိတ်ပူတာပေါ့ဟာ။လုပ်တဲ့သူကို မိလိုက်လားဘာညာပေါ့…..”

“…နွယ်ရုံလည်း အဲ့ဒါကို စဉ်းစားလို့ကိုမရတာ။မစံက ဘယ်သူနဲ့မှလည်း ပွဲမဖြစ်ဖူးပါဘူး…..”

“…လူတိုင်းကို ကိုယ်လိုတွက်လို့တော့မရဘူး နွယ်ရုံ….ငါ့ကိုကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်တာပဲလေ….”

နှစ်ယောက်သား ပြောစရာစကားမရှိဘဲ တဒင်္ဂ နှုတ်ဆိတ်သွားကြပြန်သည်။တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက နွယ်ရုံပဲဖြစ်သည်။

“ဒါနဲ့ မစံ….မစံနဲ့ကိုလူချော မနေ့ညက ဘာဖြစ်ကြတာလဲ….နှစ်ယောက်စလုံး စကားလည်းမပြောကြဘူး….”

နွယ်ရုံ မေးလိုက်တယ်ဆိုလျှင်ပဲ စံ မနေ့ညက အကြောင်းအရာကိုတွေးမိပြီး ပါးလေးတွေ ရဲသွား၏။

“အယ်…အယ်…မစံ…ဒါက ရှက်တဲ့ပုံစံပေါ့လေ…ပြော…ပြော….ဘာဖြစ်တာလဲ….”

“ဘာမှမဖြစ်ပါဘူးအေ…အသာနေစမ်းပါ…..”

အစစအရာရာနွယ်ရုံ့ကို တိုင်ပင်တတ်သော်လည်း အခုကိစ္စကတော့ စံကစပြီး နမ်းလိုက်ခြင်းဖြစ်၍ နွယ်ရုံ့ကိုပြောပြရမှာ ဝန်လေးနေသည်။ကိုကြီးက ဒီနေ့မနက် ဟိုတယ်မှာ  စံ့ကိုလာခေါ်ကတည်းက တစ်ချက်လေးတောင် မကြည့်။မျက်နှာကြီးက တည်တင်းနေ၍ စံ့မှာ သူ့ကိုစကားမစရဲအောင် ရှိနေသည်။

စံ လည်ပင်းလေးလိမ်၍ ကိုကြီးကို ခိုးကြည့်၏။မျက်လုံးကို ဇွတ်အတင်းဖိပိတ်၍ ‌နောက်ကိုမှီထားသည်။သူအိပ်နေတာ မဟုတ်မှန်း စံသိပါသည်။

'..ဟွန်း မျက်လုံးပိတ်ပြီး အိပ်တာမဟုတ်ရင် တရားမှတ်နေတာပဲနေမှာ...ပြောရတာမဟုတ်ဘူး....ဘုန်းကြီးလူထွက်ပဲဟာ....'

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now