Part 29 (S- 1 Final )

9.9K 144 13
                                    

Unicode

အပိုင်း - ၂၉ (ပထမတွဲ - ပြီး)

"ကိုကြီး...."

"ဟင်...."

"ကိုကြီးစိတ်ထဲ နေလို့အဆင်ပြေသွားပြီလား...."

"အင်း......."

"အဲ့ဒါဆို စံရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ပြောပြမယ်...နားထောင်မှာလား....."

"ပြောပြလေ....."

"ကိုကြီးကိုပြောပြဖို့ စိတ်ကူးလိုက်တိုင်းထွက်မလာခဲ့တဲ့ စံ့ရဲ့အိပ်မက်ဆိုးကြီးပေါ့....."

💮💮💮💮💮💮💮💮💮💮💮💮

လွန်ခဲ့သော ၆ နှစ်

အတန်းအားချိန်တိုင်းမှာ စံတို့နှစ်ယောက်ဟာ ဒီအအေးဆိုင်လေးမှာ လာထိုင်နေကျဖြစ်သည်။

"စံ...."

ချောရဲ့ခေါ်သံကြောင့် အအေးကိုပိုက်နဲ့စုပ်သောက်နေရာမှ သူမမော့ကြည့်၏။ချောမျက်နှာက စံ့ကိုပြောရမှာ မဝံ့မရဲဖြစ်နေဟန်ရှိသည်။

"ပြောလေချော....ဘာအခက်အခဲရှိလို့လဲ....."

"ဟို...ချောလေ...ချော.....စွမ်းကိုချစ်နေတာကြာပြီ...."

ချောရဲ့ တိုးဖွဖွစကားအဆုံးမှာ စံကြောင်သွားသည်။အအေးသောက်နေရာကနေ ပိုက်ကိုမလွှတ်မိသေးပေ။

(ချောက စွမ်းကိုချစ်နေတာတဲ့လား....ဒါဆိုဘာလို့ အစောကတည်းက မပြောခဲ့တာလဲ...)

"ချောလေ....မျိုသိပ်ထားတာ ကြာပြီ...စွမ်းကရည်းစားရှုပ်တယ်....အချစ်ကိုအလေးအနက်မထားဘူး...အဲ့ဒါကြောင့် ချောရဲ့အချစ်ကို ဖွင့်မပြောဘဲနေခဲ့တာ...."

'အဲ့ဒါဆို ဘာလို့များ စံ့ကိုပြောပြရတာလည်း ချောရယ်....'

ချောကို စိတ်ထဲကပဲ အပြစ်တင်လိုက်မိပါသည်။တကယ်ဆို ချောဘက်က စောစောပြောပြခဲ့ဖို့ ကောင်း၏။စံလည်း လူငယ်တစ်ယောက်ပဲလေ.... ရုပ်ချောချော ဖော်ရွှေပျူငှာတဲ့ကောင်လေးကိုရင်ခုန်မိတာ စံမှားလား....စံအဖြေပေးတော့မယ်ဆိုကာမှ ချောကဒီစကားကို တမင်ပြောခဲ့တာပင်....

အချစ်ဆုံးသူငယ်ချင်း သဘောကျနေတဲ့ကောင်လေးကိုတော့ စံလည်း ချစ်သူမတော်ချင်ပါ။စံနောက်ဆုတ်ဖို့သာရှိတော့သည်။ဒါပေမဲ့ ချုပ်ချယ်လွန်းတဲ့ ဒယ်ဒီတို့ကိုလည်း အရွဲ့တိုက်ချင်၏။ရည်းစားမထားနဲ့ဆို ထားချင်သည်။မလုပ်နဲ့လို့တားလျှင် ပိုလုပ်ပြချင်သည်။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Tempat cerita menjadi hidup. Temukan sekarang