Unicode
အပိုင်း ၂၂
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံAuthor - ဆာရာမူး
ခြောက်လကြာပြီးနောက်
လူချော ရေမိုးချိုးသန့်ရှင်းရေးလုပ်ပြီးသည်နှင့် ခုတင်ပေါ်ပစ်လှဲလိုက်သည်။
"ဟဲလို...."
"ကိုကြီး...ထမင်းစားပြီးပြီလား...."
"စံနဲ့ဖုန်းပြောပြီးမှ စားမယ်...."
"ဟင့်အင်း....စားပြီးလည်း ဖုန်းပြန်ပြောရမှာပဲ....."
"စံလေးဒီနေ့ စောစောအိပ်လေ....မနက်ဖြန်ပွဲအတွက် အိပ်ရေးဝနေမှဖြစ်မှာ...."
"ဟုတ်ကဲ့ပါကိုကြီးရဲ့..."
ချစ်သူနဲ့ဖုန်းပြောတာဆိုတော့ စကားတွေက ဟိုရောက်လိုက်ဒီရောက်လိုက်နှင့် ပြောမကုန်နိုင်အောင် ရှိနေသည်။သူ့လုပ်ငန်းကို ရန်ကုန်ကိုရွှေ့လိုက်ပြီးနောက်ပိုင်း သူလည်းစံတို့အိမ်မှာ မနေတော့ပေ။ဝယ်ထားတဲ့ခြံမှာပဲ ပြောင်းနေခဲ့သည်။စံလေးနဲ့ အမြန်ဆုံးလက်ထပ်ပြီး ကိုယ်ပိုင်ဘဝတစ်ခုကို တည်ထောင်ချင်လှပြီ။တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာလေ ကောင်မလေးကို ပိုချစ်လာလေမို့ ခွဲပြီးတော့မနေနိုင်တော့ပါ။
"ကိုကြီး ဘာတွေစဉ်းစားနေတာလဲ...."
"စံ့ကိုလက်ထပ်ခွင့်ရဖို့ ကိုယ့်မှာဘာတွေ လိုအပ်နေသေးလဲဆိုတာ စဉ်းစားနေတာ...."
ဒီဘက်မှာ စံ့အသံလေး တိတ်သွား၏။သူမလည်း ကိုကြီးကိုလက်ထပ်ချင်ပါသည်။မခွဲအတူ ရှိနေချင်သည်။ဒါပေမဲ့ဦးနှောက်ထဲက မေ့ပျောက်ထားတဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်မနှိုးဆွချင်၍ အချိန်တွေဆိုင်းနေခဲ့ခြင်းသာဖြစ်၏။သူမ ရင်ဆိုင်မှဖြစ်တော့မည်။
"ကိုကြီး......"
"ဗျာ....."
"မနက်ဖြန်ပွဲပြီးရင် ကိုကြီးကို ပြောစရာရှိတယ်....."
"အခုပြောလို့မရဘူးလား....."
"ဟင့်အင်း....အခုမပြောချင်ဘူး...."
"စံ့သဘောပါ....ကိုယ့်ကို လက်မထပ်ဘူးလို့ငြင်းဖို့တော့ မဟုတ်ပါဘူးနော်...."
YOU ARE READING
ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူေခ်ာရဲ႕ ပင္တိုင္စံ )
Fantasy"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အတူတူပဲလေ...တော်ပြီတော်ပြီ..ကိုကြီးလို့ခေါ်မယ်...."