Part 2 7

5.4K 112 7
                                    

Unicode

အပိုင်း ၂၇
#Normal #Fiction Name -
ကိုလူချောရဲ့ ပင်တိုင်စံ

Author - ဆာရာမူး

အပိုင်း - ၂၇

စေ့စပ်မင်္ဂလာပွဲကို ကတိုက်ကရိုက်လုပ်လိုက်ရပေမဲ့ အဖေနဲ့အမေက သူမျက်နှာမငယ်ရအောင် ပံ့ပိုးပေးရှာသည်။ရွာကနေ ဘုန်းကြီးစီစဉ်ပေးတဲ့ကားနဲ့ လာခဲ့ကြ၏။စံလေးဒယ်ဒီက ဇွတ်ဆိုမှဇွတ်ဖြစ်နေတော့ ဟိုတယ်တွေဘာတွေစီစဉ်မနေအားပဲ စံတို့အိမ်မှာပဲ လူကြီးကြောင်းလမ်းမင်္ဂလာ ပြီးဆုံးသွားပါသည်။

အကျဉ်းချုံးလုပ်‌တယ်ဆိုပေမဲ့ ဦးဇေယျာမင်းရဲ့အသိုင်းအဝိုင်းအရရော စံလေးရဲ့ နာမည်အရှိန်အဝါကြောင့်ပါ ထိုက်သင့်သလောက်တော့ ခမ်းနားခဲ့ပါသည်။

"သူတို့နှစ်ယောက်ဖူးစာများ ဆုံချင်တော့လည်းဗျာ 5 နှစ်ကြာပြီးမှကို ပြန်တွေ့ကြတော့တာပဲ...."

"ဟုတ်ပ....ကျုပ်သားက မိန်းမယူချင်မှဖြင့် ဗြုန်းစားကြီးဗျို့...."

"ကျွန်တော့်သမီးက မလိမ္မာတာပါဗျာ...."

ဦးဇေယျာမင်းက ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ပြောလိုက်သည်။

လူချောဆိုတဲ့ကောင်လေးက ရိုးဂုဏ်ရှိ၏။မိဘအသိုင်းအဝိုင်းကတောသူတောင်သားဆိုပေမဲ့ အခြေအနေမဲ့တော့ မဟုတ်ပေ။သူကိုယ်တိုင်ကလည်း တည်ငြိမ်အေးဆေးသည်။သူ့အနေနဲ့ သဘောမတူချင်စရာအကြောင်းရယ်လို့မရှိပါ။သမီးလေး ပျော်နေရင်ကိုပဲ သူစိတ်ချမ်းသာရပါပြီ။

လူကြီးတွေက ဧည့်ခန်းထဲမှာ စကားထိုင်ပြောနေကြသလို နွယ်ရုံတို့ကလည်း သိမ်းစရာရှိတာများကို သိမ်းနေကြ၍ သူနဲ့စံလေးနှစ်ယောက်သာ ဘာမှလုပ်စရာမရှိဖြစ်နေ၏။

“စံလေး….”

“ရှင်…”

“နောက်လဆိုရင် စံလေး ကိုယ့်မိန်းမဖြစ်တော့မယ်…..”

သူပြောလိုက်တော့ ကောင်မလေးကပြုံးတုံ့တုံ့လေး လုပ်နေ၏။သူမ‌လေးကို
ရင်ခွင်ထဲဆွဲပွေ့ပြီး ညှစ်ပစ်လိုက်ချင်သည်။သူတို့ရောက်နေတာက အိမ်ရှေ့ခြံထဲမှာမို့ သူကဲလိုက်လျှင် အတိုင်းသားမြင်ရနိုင်သည်။ထို့ကြောင့် စိတ်ကိုသာ လျော့ထား၏။

ကိုလူချောရဲ့ ပင်တိုင်စံ(Complete) (ကိုလူချောရဲ့ ပင်တိုင်စံ )Where stories live. Discover now